Part -5

253 55 9
                                    

"ရစ်ကီ အပန်းဖြေအိမ်မှာ စုပြီး သောက်ကြမလို့"

"ဘယ်လို"

"နေ့လည်ကပဲ အစ်ကိုထယ်ရယ်ရယ် အစ်ကိုဂျီ၀န်းရယ် ဂွန်ဝုရယ် အစီစဉ်ဆွဲနေတာ"

ဟန်းဘင်းခေါင်းထဲ Alarm မြည်သွားတယ်။

"မက်ထျူးရောလား"

"Maybe မသေတော့ မသေချာသေးဘူး။ အစ်ကို ဂွန်ဝုခေါ်တာ လိုက်မယ်ဆိုလားပဲ"

"ဂွန်ဝုနဲ့ မက်သရူးက ဘယ်လို ဆုံဖြစ်တာလဲ"

"အာ  အစ်ကိုဂျီ၀န်း မိတိဆက်ပေးတာဆိုလားပဲ။ ယူဂျင်းနဲ့ ကျွန်တော်ရယ် အစ်ကိုမက်သရူးရယ် ကော်ဖီဆိုင်မှာ စကားပြောတုန်း အစ်ကိုဂျီ၀န်းနဲ့ ဂွန်ဝုထပ်ရောက်လာတာ။ ရင်နှီးတာ မြန်ကြတယ် သူတို့က"

ထပ်ပြီး အစ်ကိုဂျီ၀န်းနဲ့ ဂွန်ဝုပဲလား။ Time Travel လုပ်ထားတဲ့သူသာဆိုရင် မက်သရူးရှိနေတာကို မသိစရာ အကြောင်းမရှိ။

"အစ်ကို လိုက်မှာမလား။ ကျောင်းမှာလည်း Presentation ရှိတယ်ဆို"

"ဟင်လိုက်မယ်"

"ဖြစ်ပါ့မလား"

"ဖြစ်တယ်"

"လိုက်ခဲ့ပါ။ မဟုတ်ရင် အစ်ကို ခွက်ဆေးရလိမ့်မယ်"

ဟုတ်တယ် အချစ်မှာ လက်နှေးလို့ မဖြစ်ဘူးပဲ။

ပြီးတော့ သွားမယ့်‌‌ေန့က အရင်က ဟန်ဘင်း မက်သရူးကို Propose လုပ်ခဲ့တဲ့နေ့။ အရေးပါတဲ့ နေ့မို့ အမှတ်တရတွေ လွဲလို့ မဖြစ်ဘူး။ဟန်ဘင်း ဖုန်းကို ထုတ်လိုက်တယ်။

💌မက်ချူး

💌ဟုတ် အစ်ကို

💌ရစ်ကီအိမ်ကို သွားရင် လိုက်မှာလား။

💌ဂွန်ဝုက ဇွတ်ခေါ်နေတာ။ အစ်ကိုဂျီ၀န်းရောပဲ။ ဒါပေမယ့်......

အစ်ကို ဟန်ဘင်းရော သွားမှာလား။

💌အင်း သွားမှာ။ မက်ချူးက ဘာလို့လဲ။

💌တကယ်တော့ အဲ့နေ့က။ ထားပါ ကျွန်တော်လည်း လိုက်မယ်။

💌အစ်ကို လာခေါ်မယ်နော်။

💌အကုန်ကားနဲ့ သွားကြမှာဆို။

💌ကိုးယောက်လေ။

TimeWhere stories live. Discover now