မက်သရူးတို့ ရောက်ပြီး မကြာခင်မှာပဲ ကိုကိုကရောက်လာတယ်။
မက်သရူးက လွမ်းနေခဲ့ပေမယ့် မက်သရူးနဲ့ မဆုံဖို့ time Travel လုပ်ပြီး ပြောင်းခဲ့တဲ့ ကိုကိုပင်။
"ဘာသောက်မလဲ"
"Mint chocolate နှစ်ခု"
ဟာ သေစမ်း။ ကိုကို့အတွက် ဘာလို့ မှာနေတာလဲ။ သူတို့ ကိုးယောက်ထဲမှာ ကိုကိုနဲ့ သူပဲ Mint chocolate ကို စားနိုင်တာ။ တခြားသူတွေက သွားတိုက်ဆေးအရသာမျိုးမို့မကြိုက်ဘူး။
မက်သရူးနဲ့ ကိုကိုနဲ့ အတူတူ အချိန်ခရီးသွားခဲ့ပြီးတော့ ကိုကိုချန်ထားတဲ့သူဆိုတာကြီးကို ကိုကို့ရှေ့မှာ ၀န်မခံချင်ပါ။
Mint chocolate ရောက်လာတော့ အလိုက်မသိတဲ့ ဂွန်ဝု
"အစ်ကိုဟန်ဘင်းကို ပေးလိုက်လေ"
"ငါစားမလို့လေ"
"တစ်ခုက အစ်ကိုဟန်ဘင်းအတွက် မဟုတ်ဘူးလား"
"မဟုတ်ပါဘူး ငါ နှစ်ခုစားမလို့မှာတာ"
မက်သရူး နှစ်ခုကို တလှည့်စီစားတော့ ကိုကို့ဆီက ဒေါသထွက်သွားတဲ့ ဟန် ဖြတ်ပြေးသွားတယ်။
ကိုကိုက ကျွန်တော့်ဆီက Mint chocolate လေး မရတာကို ဒေါသထွက်တယ်မလား။ ကျွန်တော်က ကိုကိုပေးမယ့် အချစ်ကို မရတာ။ ဘယ်သူက ပိုစိတ်ကောက်သင့်တယ်ထင်လဲ ။
ထယ်ရယ်ကဖေးက ပြန်လာတော့
"ကဲ အစ်ကို မက်သရူး ရှင်းပြပါဦး"
"ဘာကိုလဲ"
"ကျွန်တော်ငပိန်း မဟုတ်ဘူးနော်"
"ရှင်းပြလည်း ဂွန်ဝု နားလည်နိုင် လက်ခံနိုင်မှာ မဟုတ်ဘူး"
"ရှင်းပြကြည့်"
မတတ်နိုင်ဘဲ အကြောင်းအရင်းကို ရှင်းပြလိုက်တော့ သိပ္ပံနှင့် နည်းပညာဌာနက ကျောင်းသား ဂွန်ဝုက လွယ်လွယ်ကူကူ လက်ခံကာ
"ကျွန်တော်ကို သက်သေပြ"
ရမလား မသိပေမယ့် မက်သရူး နာရီကို လှည့်လိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင် 2020 ခုနှစ်မှာ။ သူ့ဘေးမှာ ဂွန်ဝုရှိမနေ။
