Part -18

175 34 0
                                    

မွေးနေ့ပြီး မကြာခင်မှာ ဖေဖေက မူးလဲသွားတယ်။ တကယ်တော့ Time Travel မလုပ်ခင်မှာ ဒီလိုဖြစ်ရပ်မျိုးက မရှိခဲ့။

ဘာကြောင့် ဖြစ်တာလဲဆိုတာ မက်သရူး မသိ။ Side effect ဆိုတာများလား။ မက်သရူး ကြောက်မိခဲ့ပေမယ့် ကိုကို့ကို တွေ့ပြီးခဏမှာတော့ ကြောက်စိတ်က အဝေးမှာ။

ဖေဖေလည်း နေပြန်ကောင်းလာပြီမို့ မက်သရူး မဖြစ်လာသေးတဲ့ အရာတွေကို တွေးမကြောက်ချင်တာလည်း ပါတာပေါ့။ စပြီး Time Travel မလုပ်ခင်တုန်းက မက်သရူးရည်ရွယ်ချက်က ကိုကို့အပေါ်မှာ မကောင်းခဲ့သမျှကို ပြန်ပြင်ချင်ခဲ့တာ ဖြစ်ပေမယ့် ခုတော့ မဟုတ်တော့။ မက်သရူး ကိုကို့အနားမှာ နောက်တစ်ခါပြန်နေရတော့ လောဘတပ်မိလာပြီ။ ကိုကိုနဲ့ ထပ်ပြီး မဝေးချင်။ မက်သရူးတို့ ကံကြမ္မာက ဝေးရမယ့်ကံပါတယ်ဆိုရင်တောင် မက်သရူး ကံကို ဖီလာတိုက်ချင်တယ်။

အချိန်ကုန်တာက မြန်မြန်ဆန်ဆန်ပင်။ 2023 ကိုရောက်လာပြီမို့ မက်သရူး ပိုသတိရှိရတယ်။ ကိုကိုနဲ့ လမ်းခွဲရလို့ မဖြစ်ဘူး။

ဒီအတောအတွင်း ဖြစ်ရမယ့် အပြောင်းအလဲတွေက အကုန်ဖြစ်တယ်။ဖေဖေက ကျန်းမာရေးကြောင့် အနားယူပြီး ကနေဒါကို မိသားစုလိုက် ပြန်ဖို့ လုပ်ကြပေမယ့် မက်သရူးကတော့ လိုက်မသွားဖြစ်။ ကနေဒါမှာ ကိုကိုမှ မရှိဘဲ။ မက်သရူး ကျန်နေခဲ့မယ်ဆိုတော့ မေမေတို့က တိုက်ခန်း၀ယ်ပေးတယ်။ အရင်က ကိုကိုနေခဲ့တဲ့ တိုက်ခန်းကို မက်သရူးရွေးလိုက်တယ်။ ကိုကို့ကိုတော့ မပြောဘဲ လျှို့ဝှက်ထားရတာပေါ့။ များသောအားဖြင့် မက်သရူးကိုယ်တိုင်ကလည်း ကိုကို့တိုက်ခန်းမှာပဲ အနေများတာမို့ ကိုကိုကလည်း နည်းနည်းမှ မရိပ်မိ။

ကိုကို အလုပ်သင်ကာလပြီးတဲ့နေ့မှာပဲ မူးမူးနဲ့ မက်သရူး ကိုကို့ကို လွမ်းကြောင်းတွေ ပြောမိသွားတယ်။ မက်သရူး အမူးပြေတော့

ကိုကို့ မျက်နှာ ....။

ကိုကို့ရဲ့ အဲ့ဒီ့မျက်နှာကို မက်သရူး သေချာသိတာပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် မက်သရူးကို သံယောဇဉ်‌ေတွ လျော့နေတဲ့မျက်နှာ။

ကိုကို လမ်းခွဲစကား မပြောပါနဲ့။ မေးလိုက်စမ်းပါ။ မက်သရူး လွမ်းနေခဲ့တဲ့ ကိုကို့အကြောင်းကို။ အဲ့လိုဆို ကျွန်တော်လည်း ကိုကိုနဲ့ နီးချင်လို့ အတိတ်ကို ပြန်လာတဲ့အကြောင်းကို ၀န်ခံမယ်လေ။ ကိုကို ၀န်မပိတော့ဘူးမလား။ မက်သရူး ဆုတောင်းက မပြည့်ခဲ့ပါ။ ကိုကိုက မက်သရူးကိုတောင် တစ်ခွန်းမှ မမေးခဲ့တာမို့။

TimeWhere stories live. Discover now