Part -20

245 43 3
                                    

လက်ကနာနေတာမို့ ဘာမှ အာရုံမရှိတော့တဲ့သခိုက်လေးမှာပဲ ဟန်ဘင်း လက်ပေါ်မှာ တပေါက်ပေါက်နဲ့ ကျလာတာက မက်သရူးရဲ့ မျက်ရည်တွေ။ ဒီကောင်လေးက ခိုက်မိထားတဲ့ ဟန်ဘင်းလက်ကို ပွေ့ပြီး ငိုနေတာ မရပ်။

"မက်ချူးလေး မငိုပါနဲ့။ ကိုကို မနာတော့ဘူး"

"လိမ်မနေနဲ့"

ဆိုပြီး မျက်လုံးတွေ နီရဲကာ ဖောင်းအစ်တဲ့အထိ ငိုနေတဲ့ ကောင်လေးကို ကြည့်ပြီး ဟန်ဘင်းရင်ထဲမှာ အပြစ်တင်စိတ်နဲ့ နောင်တတွေ တပွေ့တပိုက်။ ခဏခဏ ဒီကောင်လေး အချစ်ကို သံသယထားခဲ့တာ။ ကိုယ်ကပဲ ပေးဆပ်သူကြီး လုပ်ပြီးတော့ မက်သရူးအချစ်ပေါ် အထင်သေးခဲ့တာ။ မက်သရူးအချစ်က သူ့အတွက် ထုထည်ကြီးမာခဲ့လို့ တော်ပါသေးရဲ့။

လက်ကို ပတ်တီးစည်းပြီးတဲ့အထိ မက်သရူး မျက်နှာက စိုးရိမ်းမှု့တွေ အပြည့်။

"မက်ချူး ကိုကို နည်းနည်းမှ မနာတော့ဘူး တကယ်"

"ချီးပဲ ကိုကို။ ဆရာ၀န်လုပ်နေပြီး လက်ကအရေးကြီးတာ မသိဘူးလား"

"သိတာပေါ့။ ခဏပဲပါ မက်ချူးရဲ့။ ပတ်တီး ဖြည်လိုက်ရင် ကောင်းသွားမှာ"

ကောင်းသွားမှာပါဆိုတော့လည်း ဆော့မက်သရူး မျက်စောင်းက ဒိုင်းခနဲ။ လက်မကျိုးပေမယ့် မက်သရူးက သူ့ကို ခွင့်လွှတ်တယ်လို့ အတိအလင်းမပြောပေမယ့် စိတ်ကောက်ပြီး ညူစူတာလည်း မရှိတော့ပေ။

လက်နာတာ အကြောင်းပြပြီး

"မက်သရူး ကိုကို့ကို ရေချိုးခန်းထဲ မကူပေးချင်ဘူးလား။ ရေချိုးရတာ ခက်လို့ပါ"

ဆို မျက်နှာသေကြီးလုပ်ပြီး လာကူပေးတယ်။ အ၀တ်အစား၀တ်တာကနေ ဆံပင်တွေ ခြောက်အောင် သုတ်ပေးတာအထိ အကုန်လုပ်ပြီးတော့ ထမင်းဟင်းပါ ချက်ကျွေးတာ။

"မက်သရူး ကိုကို ဆေးရုံတော့ သွားရမယ်ထင်တယ်။ ကုသရေးဘက်မလုပ်ရတုန်းလေး စာတမ်းကိစ္စလေး လုံးပန်းချင်လို့။ မက်သရူး လိုက်ပို့လို့ရမလား။ မအားရင်လည်း....ကိုကို Taxi ပဲ ငှား..."

ဆိုတာနဲ့ သွားမယ့်အချိန်ကွက်တိ မက်သရူးက လိုက်ပို့ဖို့ အဆင်သင့်ဖြစ်ပြီးသားပင်။

TimeWhere stories live. Discover now