အပြန်ရောက်တော့ ကိုကိုက မက်သရူး အိမ်ရှေ့အထိ လိုက်ပို့ပေးတယ်။ မက်သရူး အိမ်ထဲ ၀င်မလို့ ကိုကို့ကို နှုတ်ဆက်တော့ ကိုကိုက
"မက်သရူး"
"ဗျာ"
"ကိုယ်တို့ နောက်တစ်ခေါက်ဒိတ်ဖြစ်ဦးမလား"
တစ်ခါမဟုတ်ဘူး ကိုကို။ အခါတစ်သိန်းပေါ့ တစ်ဘ၀လုံး ကိုကို ဒိတ်ချင်သလောက် ဒိတ်လို့ရတယ်။ ကိုကို့ဆီက Second chance ထပ်ရတာမို့ မက်သရူး အလွန်ပျော်ပေမယ့် ထိန်းကာ
"အစ်ကိုဟန်ဘင်း ဆန္ဒရှိရင်ပေါ့"
"အစ်ကိုတို့ ဒိတ်ရအောင်"
ကိုကိုက ထပ်ပြောမှ သေချာပြီလားကိုကို။ ထပ်ပြီး ဘာလုပ်ချင်သေးတာလဲဟင်။ ကိုကို က သူနဲ့တွေ့ဖို့ ရှောင်ခဲ့တယ်ဆိုတဲ့ အသိကြီးကြောင့်
"သေချာစဉ်းစားပါဦး။ ကျွန်တော်ကတော့ ...."
မက်သရုး စကားဆက်မပြောတတ်တော့။ တကယ်တော့ ကိုကို့အနားမှာ ရှိနေချိန်တွေကို အရာအားလုံးထက်ပိုမက်မောတယ်။
"ကိုယ်တို့ ဒိတ်ရအောင်နော်"
ကိုကိုက စိတ်အားထက်သန်စွာ ထပ်ပြောတာမို့ မဟုတ်မှ ကိုကိုလည်း မက်သရူးက ခေါင်းငြိမ့်ပြလိုက်တယ်။
"မက်သရူး ဖုန်းနံပါတ်နဲ့ Social media acc ရမလား"
ကိုကိုက အဲ့လိုကြီး မေးတော့ မက်သရူး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရတယ်။ အိပ်နေတဲ့အချိန်ပဲဖြစ်ဖြစ် အသိစိတ်လွတ်အောင်မူးနေရင်တောင် မက်သရူဖုန်းနံပါတ်မပြောနဲ့ မက်သရူးပက်သတ်သမျှကို အကုန်ပြောနိုင်နေတဲ့ ကိုကိုကလေ။ မက်သရူးရယ်ချင်စိတ်ကို ထိန်းကာ ကိုကို့ ဖုန်းထဲကို မက်သရူး နံပါတ်ရိုက်ပေးလိုက်တယ်။ ပြီးတော့ ချက်ချင်း သတိ၀င်လာတာက ကိုကို့ဖုန်းနံပါတ်ကို သူ့ဖုန်းမှာ မနက်ကမှ ကိုကိုဆိုပြီးမှတ်လိုက်တာ။ သေပြီပဲ
"အစ်ကို့ နံပါတ်က"
"အစ်ကို ဆန္ဒရှိမှ ဖုန်းဆက်ပါ"
မက်သရူး ခပ်တည်တည်ပင်ပြောလိုက်တယ်။ အခုသာ ကိုကိုက ဖုန်းဆက်ရင် သူ့ဖုန်းမှာ ကိုကိုဆိုပြီး ပေါ်နေမှာမလား။
