တိုက်တိုက်ဆိုင်ဆိုင် မက်သရူးရတဲ့ အမည်မသိစာထဲက ဂေဟာကိုပဲ ကိုကိုတို့က လုပ်အားပေးသွားမှာတဲ့။
"မက်သရူး ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး"
"တစ်ခုခု ဖြစ်နေတာ ကိုကို့ကို မပြောချင်လို့လား"
"ပြောချင်မှ ပြောမှာပေါ့။ အကုန်လိုက် သံတော်ဦးတင်နေရအောင် ခင်ဗျားက ကျွန်တော့်အဖေလား"
"ကိုကို့ကို ဂျစ်နေတာလား။ ဂျစ်တူးလေး အလုပ်ကူမလုပ်ချင်ရင် ကလေးတွေနဲ့ သွားကစားမလား"
စိတ်ထဲမှာ တစ်မျိုးပဲ ဘာမှန်းမသိ။ ကလေးတွေနား သွားကစားတော့ ဘာမှန်းမသိတဲ့ ခံစားချက်တွေ ရောထွေးနေတာမို့ ခပ်ဝေးဝေးမှာ တစ်ယောက်တည်း ထိုင်နေတုန်း
"ဦးဦး ရော့"
ကလေးလာပေးတာက မက်သရူးကြိုက်တဲ့ ဂိမ်းထဲ ဇာတ်ကောင်အရုပ်လေးပင်။ နေပါဦး ဒါက Limit edition မလား။
"သား ဘယ်လိုရတာလဲ"
"ဦးဦးတစ်ယောက်က ပေးတာ။ ဦးဦးလာရင် ပေးလိုက်ဆိုပြီးတော့"
ကိုကိုများလား။
"ဟို ဦးဦးလား။"
"မဟုတ်ဘူး အဲ့ဒီ့ဦးဦးက လမ်းမလျှောင်နိုင်ဘူး။ ခုံကြီးပေါ်မှာ ဒီလိုဒီလို သွားတာ ဦးဦးရဲ့"
"ဘယ်လို"
မက်သရူး စိတ်ထဲ ပို နောက်ကျိသွားပေမယ့် အဖြေမရှာနိုင်ဘဲ ကလေးလေးကိုပဲ ကြည့်နေမိတယ်။ ပါးဖောင်းဖောင်းနဲ့ ကလေးလေးက ချစ်စရာကောင်းလိုက်တာ။
"ပြီးတော့ ဒါရော"
ကမ်းပေးလာတဲ့ စာကို ဖတ်ပြီးတော့ မက်သရူးမှာ မျက်ရည် ပိုးပိုးပေါက်ပေါက်။
"မက်သရူး ပြန်ကြစို့။ ဟင် မက်သရူး ငိုနေတာလား"
"ကိုကို ကျွန်တော်တို့ လက်ထပ်ရအောင်"
"ဟင် ဘာ မက်သရူး ဘာပြောလိုက်တယ်။ ကိုကို့ကို ပြန်ပြောပါဦး"
"ကျွန်တော်တို့ လက်ထပ်ရအောင်"
ဟန်ဘင်း လန့်သွားမိတယ်။ မနက်ကအထိ ဒီကောင်လေးက စိတ်ကောက်နေတာကို ခုတော့ မျက်ရည်စက်လက်နဲ့ လက်ထပ်ရအောင်တဲ့။
