2023 ခုနှစ်။
ဟန်ဘင်းလည်း အလုပ်သင်ကာလပြီးလို့ ဂုဏ်ပြုပွဲ အတွက် တိုက်ခန်းမှာ လူစုပြီး အရက်သောက်ကြတယ်။
အစ်ကိုဂျီ၀န်း၊ ထယ်ရယ်၊ ရစ်ခီ၊ ဂွန်ဝု ပြီးတော့ ဂယူဘင်းရယ်။ မက်သရူးနဲ့ သူကတော့ အိမ်ရှင်ပေါ့။ အစ်ကိုဟာအိုက တရုတ်ပြည်ကို ပြန်သွားပြီ။ ယူဂျင်းကတော့ စာမေးပွဲတွေကြောင့်မလာနိုင်။ ယူဂျင်းမပါလာတော့ ဂယူဘင်းမှာ ကြက်ကြီး လည်လိမ်ထားသလို။ အရက်တွေမူးလာတော့ ထွေရာလေးပါး စကားတွေပြောကြတယ်။
အစ်ကိုဂျီ၀န်းက ကုမ္ပဏီမှာ အလုပ်၀င်နေပြီ။ မက်သရူးနဲ့ ထယ်ရယ်လည်း ကျောင်းပြီးတော့မယ်။ ရစ်ခီကတော့ ကျောင်းနာပြီး စီးပွားရေးလုပ်နေပြီ။ ထယ်ရယ်က ကျောင်မပြီးသေးဘဲ ကျောင်းနားမှာ ကဖေးဆိုင်လေး ဖွင့်ဖို့ပြင်နေတယ်။ မက်ချူးကတော့ ဘွဲ့ရတာနဲ့ သံရုံးမှာပဲ အလုပ်သင်၀င်လုပ်မယ်တဲ့။ မက်ချူးဖေဖေလည်း ကျန်းမာရေးကြောင့် အငြိမ်းစားယူလိုက်ရတယ်။ မိသားစုလိုက် ကနေဒါကို ပြန်မလို့ ပြင်နေကြပြီ။ ဒါပေမယ့် မက်ချူးတော့မပါ။
"ကနေဒါမှာ ကိုကိုမှ မရှိဘဲ"
တဲ့။
တကယ်တော့ ဒီနေ့က ဟန်ဘင်းနဲ့ မက်ချူး လမ်းခွဲခဲ့တဲ့နေ့ပင်။ ခုထိ ဟန်ဘင်းတို့မှာ လမ်းခွဲရမယ်ဆိုတာထက် ချစ်လို့တောင် မ၀သေး။
"ဆော့မက်သရူး မူးနေတာ ရီရတယ်"
ထယ်ရယ်က ပြောတော့ ဂယူဘင်းက
"အစ်ကိုဟန်ဘင်း အစ်ကို မက်သရူးနဲ့ စတွဲတုန်းက အစ်ကိုမက်သရူးပြောတဲ့ စကားတွေကို နားလည်လား"
စတွဲတုန်းက အခုမဟုတ်ဘူး။ ဟိုအရင်စတွဲတုန်းက မက်သရူး ကိုရီးယားစကားက ပိုရယ်ရတယ်။
"ဘယ်နားလည်မလဲ။ အရင်ကမှ မဟုတ်ဘူး ခုလည်း တစ်ခါတလေပြောတဲ့စကားတွေကို နားမလည်ဘူး ပြီးတော့ လူရှေ့သူ့ရှေ့ မက်ချူး ဘာထပြောမလဲ ကြောက်နေရတာ ခုထိပဲ"
ဟန်ဘင်းစကားကို ဝိုင်းရယ်ကြတော့
"ကိုကို ဘယ်လို ခွေးစကားတွေပြောနေတာလဲ"
မက်သရူးက အာလေးလျှာလေးနဲ့ ၀င်ပြောတာမို့ လန့်သွားကြကာ
"ဝိုး ဆော့မက်သရူး အဲ့စကားတွေ ဘယ်ကသင်လာတာလဲ"