Part -19

230 43 5
                                    

မက်သရူး အခန်းတံခါးကို လှပ်လိုက်တော့ ကိုကိုက ထပင် မထနိုင်။

တံခါးဖွင့်လိုက်တာနဲ့ ချက်ချင်း ထလိုက်တော့ အကြာကြီး ခြေထောက်ကို ဖိထိုင်ထားတာမို့ ထုံကျင်နေကာ။

"မက်သရူး"

ထ ထခြင်း ယိုင်သွားတော့ မက်သရူးက ဟန်ဘင်းကို ဖမ်းထိန်းပေးတာကို အခွင့်ကောင်းယူကာ ဖက်ထားတာ မလွှတ်တော့။ လွမ်းနေခဲ့တာ။

"ဖယ်တော့"

"လွမ်းနေခဲ့တာ"

"ဆောင်းဟန်ဘင်း"

ကြိုက်သလိုခေါ် ကိုကိုက လွှတ်ပေးမယ်ထင်လို့လား။ မက်သရူးက သူချစ်တဲ့အချစ်ထက် မလျော့တဲ့ အချစ်တွေနဲ့ ချစ်ခဲ့တာဆိုတာ သိပြီးတဲ့နောက် မက်သရူးဆီက ဘယ်လို စကားတွေပဲလာလာ ဟန်ဘင်းမှာ ရင်ဆိုင်ဖို့အသင့်။

"ကျွန်တော်တို့ မတွေ့ဘဲ နေကြဖို့ ပြောခဲ့တယ်မလား"

"ကိုကို ကတိမပေးခဲ့ဘူး"

"ဆောင်းဟန်ဘင်း အမြဲတမ်း ခင်ဗျားဘက်ပဲ ကြည့်မနေနဲ့။ ဖယ်လွှတ်"

"အရင်က ကိုကို အတွေးများခဲ့တာ။ မက်သရူး ကိုကို့ဘေးမှာ မပျော်ဘဲနေရမှာကို။ ပြီးတော့ မက်သရူး ကိုကို့ကို မချစ်မှာ သေမလောက်ကြောက်တာ"

"သေလေ"

"ခုမကြောက်တော့ဘူးလေ။ မက်သရူး ကိုကို့ကို ဘယ်လောက်ချစ်လဲဆိုတာ သိတာမို့။ ဘာဆို ဘာမှ မကြောက်တော့ဘူး"

"ဖယ် ဆောင်းဟန်ဘင်း ကျွန်တော် ခင်ဗျားနဲ့ လုံး၀ပြန်မတွဲဘူး"

"ကိုကိုတို့ လမ်းမခွဲရသေးဘူးလေ။ မက်သရူး ဘာသာ တစ်ဖတ်သတ် လမ်းခွဲသွားတာ။ တစ်ယောက်တည်း လမ်းခွဲလို့ မရဘူး"

"ခင်ဗျား ရူးနေလား"

"အင်း"

"ဖယ် ခင်ဗျား အိမ် ခင်ဗျား ပြန်"

"မပြန်ဘူး"

ဟင်။
သူ့ကို တစ်ခွန်းမကျန် ကန့်လန့်တိုက်ပြီး ကလေးဆန်နေတဲ့ ကိုကိုကြောင့် မက်သရူး လန့်သွားတယ်။ အရင်ကရော အရင် အရင်ကရော ကိုကို့မှာ ဒီလိုပုံစံလုံး၀မရှိ။ မက်သရူး တောင် ကြောင်နေသခိုက် ပိုတင်းအောင် ဖက်လာတဲ့ လက်တွေကြောင့်

TimeWhere stories live. Discover now