Wrong time မှာ ဆုံခဲ့ရလို့ Right Person မဖြစ်ခဲ့ရတဲ့ကောင်လေး တစ်ယောက် ဘဝမှာရှိဖူးတယ်။
ဒီလိုပဲ မရင့်ကျက်သေးတဲ့ အရွယ်မှာ မှားယွင်းတဲ့ တွေ့ဆုံမှု့လို့ပြောရမလားတော့ မသိ။ ဒါပေမယ့် အရာရာအားလုံးက အမှားဖြစ်ခဲ့ပေမယ့် ချစ်တာကတော့ အမှန်ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် ကျိန်ရဲတယ်။
သူက အပြင်တွေကို လျှောက်သွားရတာကြိုက်တယ်။ ကျွန်တော်ကတော့ စိတ်နဲ့ တကောက်ကောက်လိုက်တယ်။ ဒီလိုပဲ သူနဲ့ ကျွန်တော်ကြားမှာ ပြသနာတွေ အများကြီးပဲ။ ဆိုင်ကယ်စီးလို့ လေတိုးရင် ဖျားမှာ စိုးတာကနေ အစာမရှိဘဲ ကော်ဖီတွေသောက်ရင် ဗိုက်အောင့်မှာ စိုးတာက အခုထိ စိတ်နဲ့ သူ့နောက်ကို တကောက်ကောက်လိုက်နေတုန်းပဲ။
”စိုးရိမ်သမျှကို အချစ်လို့ အမည်တပ်တာဆိုရင် အဲ့ဒီအချစ်ကို ကျွန်တော် မွန်းကြပ်နေပြီ”
တဲ့ ။ သူ တကယ် စိတ်ပင်ပန်းနေတာ မြင့်တော့ ကျွန်တော့်မှာ ဒေါသတွေ အတစ်လိုက်။ သူငယ်ချင်တွေကလည်း ချစ်ရင် လက်လွှတ်လိုက်တဲ့။ မေတ္တာနဲ့ ချည်တဲ့ ကြိုးပဲ အချိန်တန်ရင် သူဟာ ကျွန်တော် သူ့ကို ဘယ်လောက်ထိ ချစ်ခဲ့လဲဆိုတာ သိရင် သူ နာကျင်ပြီး ပြန်လာမှာပဲလို့တွေးပြီး လက်လွှတ်ခဲ့တာ။ သူ နာကျင်ဖူးသလား ကျွန်တော်မသိပါ။ သူ့ကို လမ်းခွဲပေးလိုက်ရလို့တော့ နောင်တတွေနဲ့ ကျွန်တော် နာကျင်နေရတာကတော့ ခုထက်ထိပဲ။
အခုချိန်အနေအထား အခုလို ရင့်ကျက်မှု့မျိုးနဲ့ သူနဲ့ နောက်တစ်ခါပြန်ဆုံချင်သေးတယ်။ အရင်လို အချိန်တွေ ပြန်ရရင် စိတ်ပူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို မပင်ပန်းစေချင်တော့ဘူး။ တကယ်တော့ မသေချာပါဘူး။ ခုထိ အစာမရှိဘဲ ကော်ဖီတွေ သောက်နေမလားဆိုပြီး စိတ်ပူတုန်းပဲ။ သူ့ Social Media မှာ ကော်ဖီခွက်ပုံတင်ထားရင် မြင်ရရင်တောင် စိတ်ပူနေတုန်းပင်။
”ကဖိန်းပါတာတွေ တအားသောက်ရင် စွဲတယ်နော်”
”ကျွန်တော် မူးယစ်ဆေးစွဲနေတာ မဟုတ်ဘူး”
“ကိုယ်က စိတ်ပူလို့လေ”
”အဟွင့်”
မဲ့ပြုံးတစ်ချက်နဲ့ ရယ်သံကိုသာ ရလိုက်တယ်။ ဒါလည်း ကောင်းစေချင်လို့ပေမယ့် နောင်တပင်။ သူ ကျွန်တော့်အနားမှာ စိတ်ညစ်ရတယ်ဆိုတာ သိရတော့ စိတ်ပူခဲ့တာတွေ အကုန်က နောင်တပင်။
