Part-17

186 38 5
                                    

ဂိမ်းကစားမယ်ဆိုမှ ကိုကို့မှာ ဂိမ်းအကောင့်တောင်မရှိ။ တော်သေးတာပေါ့ မက်သရူးတို့ ကစားနေတဲ့ ဂိမ်းက Level မလိုလို့။ ကိုကိုက လုပ်လိုက်ရင် တကယ်ကို ကမောက်ကမပင်။

ချိန်းကစားမယ့်ပွဲမို့ ဂွန်ဝုရော ထယ်ရယ်ရောက ဖယ်ကစားချင်နေတာမို့ မက်သရူးမှာ ကိုကို့ဘက်က ၀င်ပြောရသေးတယ်။ ဘယ်လိုပဲ ဘ၀မှာ ဂိမ်းက အပျော်အတွက်ပဲဆိုဆို မက်သရူးအတွက် ဂိမ်းရှုံးရင် ဒေါသထွက်တာ အလွန်ပင်။ အထူးသဖြင့် ခုလိုမျိုး ချိန်းကစတဲ့ ပွဲမျိုးတွေ။ ဂိမ်းပဲရှုံးတာမဟာတ်ဘူး သိက္ခာတွေ မာနတွေပါ ရှုံးတာ။ ဒါကြောင့် ဂိမ်းဆိုတာနဲ့ မက်သရူးမှာ ပြိုင်ဆိုင်လိုစိတ်များတယ်ပြောရမယ်။ ဒါကြောင့် ကိုကိုပါ ကစားမယ်ဆိုတော့ မက်သရူး ပိုသတိကပ်ရတယ်။ ကိုကို ဂိမ်းမကစားတတ်လို့ ရှုံးတယ်ဆိုတာမျိုး အပြောမခံနိုင်။

"ကိုကို ကျွန်တော့်နောက်မှာနေနော်"

မက်သရူးနောက်ကို သွားရပ်တဲ့ ကိုကိုကြောင့်

"ရှုံးလည်း ဘာမှ မဖြစ်ပါဘူး။ ဂိမ်းဆိုတာ ဘ၀ကြီးမှ မဟုတ်တာ"

ဆိုပြီး ရှုံးခဲ့ရင် ဒေါသလေး နည်းနည်းလေးမှတောင် မထွက်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေရတယ်။

"ကိုကိုရေ့ ပစ် ပစ်"

ဆိုပြီး ပစ်ခိုင်းတိုင်းလည်း အာ ကိုယ့်ဘာသာပစ်ရင် ရမယ့်အမှတ်ကို စိတ်ထဲက တွက်နေမိတယ်။ ကိုကိုက ဒီတစ်ပွဲကစားပြီးရင် နောက်ကစားမှာ မဟုတ်ဘူး။ အဲ့ဒီအမှတ်တွေသာ ငါရရင် အမှတ်ကို ပွိုင့်နဲ့ လဲ ပွိုင့်ကို skin နဲ့လဲပြီး ဂိမ်းထဲက ငါ့ကောင်ကြီးကို ဆင်လိုက်ရရင် ဆိုပြီး တွေးနေတာမရပ်။

ကိုကိုကတော့ ဂိမ်းနိုင်တာတောင်မသိဘဲ ကြောင်ရပ်နေတာမို့ မက်သရူး ပိုနှမြောရတယ်။ အမှတ်ကြည့်လိုက်တော့ ကိုကိုအများဆုံး။

အလိုက်မသိတဲ့ ထယ်ရယ်က

"ဒါတောင် ငါက စကင်တွေ မစုံလို့"

ညည်းတာမို့ မက်သရူး နှမြောစိတ်ကို လာဆွနေသလို ဖြစ်ကာ

"ဟုတ်ပကွာ စကင်တွေကလည်း ၀ယ်ရတာ ဈေးကြီးလိုက်တာ"

TimeWhere stories live. Discover now