Unicode
"Jeon Henry ငါ့ကိုချပေး...မသင့်တော်ဘူးလို့"
"Kim Taehyung တို့က အခုအသက်ကြီးလာတော့ လူတွေကို သိပ်ဂရုစိုက်တတ်လာတာဘဲ...ဟမ့်"
ပုခုံးပေါ် ထမ်းပွေ့လာလျက် ထမင်းစားခန်းထဲသို့ မရမကခေါ်လာခဲ့သည်။ ဘယ်လိုဘဲရအောင် ရုန်းကန်မိပါစေ Jeon Henry ရဲ့ အားကိုလုံးဝမယှဉ်နိုင်ပေ။
"ဟယ် ဟယ် ဘယ်လိုတွေဖြစ်လာကြတာလဲ"
ထမင်းစားစားပွဲနားရောက်တော့ ချပေးလိုက်သည်။ Jeon Henry ကြောင့် Taehyung ရဲ့ အင်္ကျီက ကြေမွနေကာ ထိုအခါမှ သေချာဆွဲချသပ်တင်တော့ပြီး Jeon မာမီကို အားနာသလို ကြည့်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် Taehyung က သူစိမ်းမလား။ ဒီလိုမျိုး ပေါက်ကရပုံစံတွေ လူကြီးတွေရှေ့မှာ မလုပ်ရဘူးဆိုတာ Jeon Henry က မတွေးဘူးလား။ ပုခုံးပေါ် ထမ်းပွေ့လာတာကိုက လူကြီးတွေအတွက် သိပ်ကိုမျက်စိစူးစရာဖြစ်နေခဲ့မှာဘဲကို။
Jeon Henry ကတော့ ခပ်တည်တည်ပင်ဘာမှမပြောဘဲ စားပွဲထိပ်တွင် ဝင်ထိုင်သည်။ အိမ်အကူတစ်ချို့က ဝင်လာပြီး လိုအပ်တာတွေကို ထပ်လုပ်ပေးလျက်ရှိသည်။ Jeon မာမီက တစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး Taehyung ဟာ ရှက်စိတ်လည်းအနည်းငယ်ရှိသလို Jeon Henry ကို ကြည့်သည်။
"ထိုင်လေ...ဘာလို့အသေးစိတ်ကအစ ကိုယ်လိုက်ပြောနေရတာလဲ"
Jeon မာမီရှေ့မှာတော့ မစားချင်ဘူးလို့ မပြောကောင်းတာမို့ Jeon Henry ကိုပါ ဘာမှမတုံ့ပြန်တော့ဘဲ Jeon မာမီနဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"သားဘာကြိုက်တတ်သလဲ အန်တီမသိတော့ ဒီနေ့တော့ရတယ်မလား...သားကြိုက်တတ်တာလေးတွေပြောထားလေ...အန်တီလုပ်ခိုင်းထားပေးမယ်"
"ရပါတယ်...ကျွန်တော်အစားသိပ်မရွေးတာမို့ အဆင်ပြေပါတယ်...ကျေးဇူးတင်ပါတယ် အန်တီ"
"အို...ဘယ်ဟုတ်မလဲ...အန်တီတို့အိမ်ကိုရောက်နေမှတော့ သားကလည်း အန်တီ့သားဘဲပေါ့....ဟုတ်ပြီလား အဲ့တာမို့ကြောင့် သားကလည်း အန်တီ့အတွက် Jeon Henry နဲ့တန်တူဘဲ"
"မာမီ စားစရာရှိတာ စားပါ...ဘာလို့အရေးမပါတာတွေ ပြောနေတာလဲ..."