Part 8

5.6K 432 54
                                    

Unicode

အထက်စီးဆန်လွန်းပြီး ပိုင်စိုးပိုင်နင်းစကားတွေကို တုံ့ပြန်ချင်စိတ်လည်း မရှိတော့တာမို့ ကျောပေးကာ အိပ်လိုက်သည်။ အေးစိမ့်နေသည့် အခန်းက တစ်ဖြည်းဖြည်း ပြန်နွေးလာတယ်လို့ ခံစားလိုက်ရသည်။ 

လူကို ရွဲ့ချင်လို့ တမင်လုပ်မှန်းသိလို့ နောက်ဆုံး သူလည်း မခံနိုင်ဘူးမလား။ 

"Kim Taehyung....Taehyung..."

ကြားပင်မဲ့ မထူးနေဘဲ ပေတေတေ မကြားချင်ယောင်ဆောင်ကာ ဆက်အိပ်နေမိသည်။ အလကား လူကို လိုက်ဒုက္ခပေးနေတာ။ 

"Kim Taehyung....မင်းမအိပ်သေးဘူးဆိုတာ ကိုယ်သိတယ်...ကြားတယ်ဆို ထူးလေကွာ"

"မင်းဘာဖြစ်နေတာလဲ...လူအိပ်ချိန် မင်းမအိပ်လည်း ငါအိပ်ချင်တယ်...ထပ်မခေါ်နဲ့ ငါပိတ်ကန်မှာနော်"

"ရာရာစစ ကိုယ့်အိမ်ဦးနတ်ကိုကွာ...မင်းတကယ် အရိုင်းအစိုင်းလေးဘဲ Kim Taehyung...ကိုယ်ဖြင့် မယုံနိုင်ဘူး မင်းကို အသက်ကြီးလာတော့ တည်ငြိမ်တယ် ထင်နေတာ...တကယ်ကွာ"

"မင်းစကားပြောရင် ငါနဲ့မင်း သက်ဆိုင်သလို စကားတွေမပြောပါနဲ့...ငါက မင်းအတင်းအကျပ်ခေါ်လာတဲ့ လူစိမ်းသာသာဘဲ...အဲ့ထက်မပိုဘူး Jeon Henry မင်းစကားတတ်တိုင်း ပြောချင်သလို မပြောနဲ့"

"ဟုတ်လား အဲ့တော့ ကိုယ်က ဘယ်လိုပြောရမှာလဲ...Kim Taehyung မင်းက သိပ်ကို မာနခေါင်ပါးတဲ့သူဘဲ..."

"မင်းထင်ချင်သလို တွေးချင်သလိုတွေးပေါ့...ငါက မင်းစီက ထွက်သွားမှာ..."

ဒုန်းးး

ကုတင်ဘေးက ပစ္စည်းတင်ဗီရိုသေးသေးလေးကို ခြေထောက်နဲ့ ကန်ချပစ်လိုက်တာဖြစ်သည်။ ပစ္စည်းတစ်ချို့ဟာလည်း ကြမ်းပြင်ထက်တွင် ကွဲကြေသွားလျက်ရှိသည်။

Taehyung သည် ဆိုဖာထက်၌ အိပ်နေရင်းမှ ထထိုင်လိုက်ပြီး Jeon Henry ကို ကြည့်လိုက်သည်။ အသက်ရှူမြန်ဆန်နေကာ ရင်ဘတ်ကျယ်က နှိမ့်ချည်မြင့်ချည်ဖြင့် ဒေါသထွက်နေမှန်း ကြည့်လိုက်တာနဲ့ သိသာသည်။

"Jeon Henry"

"ထပ်ပြောလိုက်...ထပ်ပြောလိုက်စမ်း"

Hate YouWhere stories live. Discover now