နှင်းဆီ US ရောက်တော့ စံပယ်ကလာကြိုတယ်
"ဟိုင်း မမ"
"ဟိုင်း"
"မမအဆင်ရောပြေရဲ့လား"
"အင်း ပြေပါတယ်"
"မမဒီနေ့တော့ နားရင်နားလိုက်ဦး၊ ခရီးပန်းလာတာဆိုတော့"
"အေးပါ"
နှင်းဆီနဲ့စံပယ် ကတူတူနှင်းဆီအိမ်ကိုသွားကြတယ်၊ စံပယ်လည်းနှင်းဆီကို ပစ္စည်းတွေဘာတွေကူချပေးပြီး အိမ်ပြန်သွားတယ်၊ နှင်းဆီက သူ့ညီမရဲ့ ဒိုင်ယာရီစာအုပ်လေးကို သူနဲ့အတူတူသယ်လာခဲ့တယ်
အဲ့နေည"ငါ့ညီမတွက် လက်စားချေဖို့ဆိုရင် ငါမြန်မာပြည်မှာနေမှဖြစ်မှာ၊ ဒါမဲ့ US က Company ကိုလည်းဒီတိုင်းထားခဲ့လို့မဖြစ်ဘူး"
နှင်းဆီလည်း စဥ်းစားရင်းစဥ်းစားရင်းနဲ့အကြံတစ်ခုရလိုက်တယ်
"ငါ ဇွဲယန်အောင်နဲ့လက်ထပ်ပြီး မြန်မာပြည်မှာ ပြန်နေလို့ရတယ်၊ မြန်မာတွေရဲ့ထုံးစံအရ ယောက္ခမအိမ်မှာနေရတာဆိုပြီး ပြောလိုက်လို့ရတယ်"
အဲ့လိုနဲ့နှင်းဆီလည်း နောက်နေ့ကျမှချိန်းပြီးပြောမယ်လို့စီစဥ်လိုက်တယ်၊ ပြီးတော့ပင်ပန်းနေတာနဲ့ အိပ်ရာဝင်သွားခဲ့တယ်
────────♡♡♡♡─────────
နောက်နေ့
နှင်းဆီလည်း အလုပ်မသွားတာကြာပြီဆိုတော့ အလုပ်ကိုမျက်နှာလေးဘာလေးပြပြီး ကြားထဲမတက်လိုက်ရတဲ့အစည်းအဝေးတွေလည်းတက်၊ အလုပ်တွေလည်းလုပ်ပေါ့နေ့လည်စာစားချိန်ကျတော့ စံပယ်နဲ့တူတူ သွားစားတယ်
"မမ"
"အင်းပြော"
"ညကျရင် ညီမ Bar သွားမလို့"
"အဲ့တော့"
"အဲ့တာမမလည်းလိုက်ခဲ့ပါလား"
"မလိုက်တော့ပါဘူးဟာ"
"မမကလည်း ခုတလောစိတ်ပင်ပန်းတာတွေပျောက်သွားအောင် လိုက်ခဲ့ပါ"
"မလိုက်ချင်ပါဘူး"
"အဲ့ဆိုညီမလေးမူးရင်ဘယ်သူပြန်လိုက်ပို့မှာလဲ"
![](https://img.wattpad.com/cover/359440834-288-k77889.jpg)
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"