Part 5

415 4 0
                                    

နောက်နေ့ကျ Company ဖွင့်ပွဲလုပ်တယ်၊ ဖဲကြိုးတွေဘာတွဖျက်၊ ရင်းနှီးမြုပ်နှံသူတွေ ရှယ်ယာရှင်တွေနဲ့လည်းနှုတ်ဆက်၊ ညနေကျ ဖွင့်ပွဲတွက် congrats party လေးလုပ်တယ်၊

အဲ့နေ့တစ်နေ့ကတော့ နှင်းဆီတွက်အပင်ပန်းဆုံးပဲ၊ လာသမျှလူတွေကိုနှုတ်ဆက်နေရတာ၊ အဲ့ထဲမှာ သူရသတ္တိလည်းပါတာပေါ့၊ company ရဲ့ ရှယ်ယာအများဆုံးပိုင်ထားတဲ့သူလေ

ပွဲပြီးတော့ နှင်းဆီလည်းပင်ပန်းနေတော့ အိမ်ရောက်တာနဲ့ အိပ်လိုက်တာ သိုးနေရော၊ နောက်နေ့တွေကျတော့လည်း နှင်းဆီကအလုပ်သွားတယ်၊ အိမ်ပြန်တယ်၊ တခါတလေသူ့မိဘအိမ်သွားတယ်၊

သူ့ညီမဒေစီယာတွက် လက်စားချေဖို့လုပ်ပေမဲ့ ဘယ်သူတွေလုပ်မှန်းမသိ၊ vd ရိုက်ထားကြတယ်ပြောပေမဲ့ vd ကဘယ်သူ့ဆီမှာလဲလည်းမသိ၊

'ငါအားတဲ့တစ်နေ့ ဒေစီတက်တဲ့ကျောင်းကိုသွားစုံစမ်းဦးမယ်၊ ငါ့ညီမကို ဒင်းတို့တွေလုပ်ထားတာ ပြန်လက်စားချေပြမယ်😠'

ဒါပေမဲ့ သူ့မြန်မာပြည်ပြန်ရောက်ထဲက တစ်စုံတစ်ယောက်က နောက်ယောင်ခံလိုက်နေသလိုမျိုး ခံစားရတယ်၊ အဲ့လိုနဲ့ ၁လလောက်ရှိပြီ၊ ဘယ်သူကနောက်ယောင်ခံလိုက်မှန်းလည်းမသိ

နှင်းဆီကတော့ တစ်ယောက်တည်း ရောက်ယက်ခတ်နေတာ၊ လက်စားချေဖို့ရော၊ Company အလုပ်ကိစ္စတွေရော၊ နောက်ယောင်ခံလိုက်တဲ့သူကိုစုံစမ်းရမှာတွေရော

အဲ့လိုနဲ့တစ်နေ့ကျ နှင်းဆီ Company ကပြန်တဲ့အချိန် နှင်းဆီကိုတစ်ယောက်ယောက်က မေ့ဆေးအုပ်ပြီး ခေါ်သွားတယ်၊ အချိန်ကည ၁၀ နာရီ ၁၁နာရီလောက်ရှိတော့မယ်

"သူပါလာလား"

"ဟုတ် ကျတော်ရအောင်ခေါ်ခဲ့ပါတယ်"

"အဲ့တာဆို သူ့လည်းမတွေ့ပါလား"

"ကျတော် သူ့ကိုမေ့ဆေးပေးထားလို့ပါ၊ ကားပေါ်မှာ ရှိပါတယ်၊ ကျတော်သွားခေါ်လိုက်ပါမယ်"

"ရတယ်၊ ငါ့ဘာငါ့သွားခေါ်မယ်"

နှင်းဆီနိုးလာတော့ သူ့အခန်းမဟုတ်တာသတိထားမိသွားတယ်၊ အခန်းထဲကပစ္စည်းတော်တော်များများက အမဲရောင်တွေကြီးပဲ

ဆူးနှင်းဆီWhere stories live. Discover now