နှင်းဆီတစ်ယောက် သူကိုယ်သူအဲ့လိုစကားတွေပြောပြီး သူ့ရဲ့နှလုံးသားကိုလိမ်ညာနေခဲ့တယ်
နှင်းဆီလည်း suitcase ကြီးသယ်ပြီးအောက်ထပ်ဆင်းလာတယ်
"ဆူး ဘယ်သွားမလို့လဲ"
"ကျမဘာသာဘယ်သွားသွားပေါ့"
သူရလည်းနှင်းဆီလက်ကိုဆွဲထားလိုက်ပြီး
"မနေ့ညကကိစ္စကြောင့်ဆို ကိုယ်တောင်းပန်ပါတယ်"
"ရှင်တော်တော်ဟန်ဆောင်ကောင်းတာပဲ"
"ကိုယ်တကယ်စိတ်ရင်းနဲ့တောင်းပန်တာပါ၊ ကိုယ်မနေ့ကညကကိုယ့်စိတ်ကိုယ်မထိန်းနိုင်မိလို့ အော်လိုက်မိတာပါ"
နှင်းဆီလည်းမျက်ဖြူလှန်ပြလိုက်ပြီး
"ရှင်စေ့စပ်ထားတဲ့သူရှေ့မှာတောင် ကျမကိုဟန်ဆောင်ဂရုစိုက်ပြလောက်တဲ့အထိရှင်သတ္တိတော်တော်ကောင်းတာပဲ"
"မင်း..လှမေ ခုနကပြောတာတွေကိုကြားသွားတာလား"
"ဟုတ်တယ်၊ ရှင်မှာစေ့စပ်ထားတဲ့သူရှိတာတောင် ကျမကိုချစ်ပါတယ်ဆိုပြီး ရှင်မလို့လက်ထပ်ရဲတယ်နော်၊ နောက်ပြီးမနေ့ညက ဘာပြောလိုက်တယ်၊ လှမေအပေါ်စိတ်မရှိပါဘူးတဲ့၊ အဲ့စကားဘယ်သူပြောလိုက်တာလဲ"
"ကိုယ်မင်းကိုအကြောင်းစုံရှင်းပြပါမယ်၊ မင်းကိုယ်ရှင်းပြတာကိုနားထောင်ပေးပါ"
"ဘာရှင်းပြမှာလဲ၊ ကျမတို့လက်ထပ်တုန်းက ရှင့်အဖိုးမလာခဲ့ဘူးလေ၊ ခုမှကျမလည်းအကြောင်းအရင်းကိုသိသွားပြီ၊ ရှင်တို့၂ယောက်က ငယ်ငယ်တည်းကစေ့စပ်ထားတဲ့သူတွေလေ"
"ကိုယ်.."
နှင်းဆီကသူရစကားတောင်ဆုံးအောင်နားမထောင်ပဲ အိမ်ထဲကနေထွက်လာခဲ့တယ်၊ ကားပေါ် suitcase တင်ပြီးသူ့အဖေအိမ်ကို မောင်းထွက်သွားတယ်၊ သူရကလည်းနောက်ကလိုက်တာပေါ့
နှင်းဆီက သူ့အဖေအိမ်ရောက်တော့ သူ့အဖေကိုမြင်တာနဲ့ဖက်ပြီးငိုတော့တာပဲ
"သမီး ဘာဖြစ်လာတာလဲ"
နှင်းဆီကပြန်မဖြေပဲငိုပဲငိုနေတယ်၊ သိပ်မကြာခင်မှာပဲ သူရရောက်လာတယ်၊ နှင်းဆီကသူရကိုလည်းမြင်ရော အိမ်ထဲပြေးဝင်သွားခဲ့တယ်၊ နှင်းဆီရဲ့အဖေက သူရကိုတားလိုက်ပြီး
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"