စံပယ်ကတော့ လေယာဥ်ကွင်းရောက်တာနဲ့ ချက်ချင်း ရတဲ့လေယာဥ်လက်မှတ်ဝယ်ပြီး ထွက်သွားသည်။ သီဟလည်း မမှီသွားတော့ ယူကြုံးမရတွေဖြစ်ပြီး ပြန်လာခဲ့သည်။
သီဟလည်း နှင်းဆီကိုမြင်တော့ စံပယ်နဲ့ပတ်သက်ပြီးမေးတော့သည်။
"မမလေး ကျနော်အခု US ကိုလိုက်သွားမယ်၊ စံပယ်အိမ်လိပ်စာလေး ပြောပါပါနော် မမလေး"
သီဟတစ်ယောက် နှင်းဆီရှေ့မှာ ဒူးထောက်ပြီးပြောလေသည်။
"ကိုသီဟ ထပါ၊ ကျမပြောပြပါမယ်၊ ကိုသီဟဒူးထောက်တောင်းပန်သင့်တာ ကျမကိုမဟုတ်ပါဘူး၊ စံပယ်ကိုသာတောင်းပန်သင့်တာပါ"
"ဟုတ်ကဲ့ပါမမလေး၊ ကျနော်ခုချက်ချင်း လိုအပ်တာလေးတွေထည့်ပြီး သွားတော့မှာပါ"
"ကျမ စံပယ်လိပ်စာကို ဖုန်းနဲ့ပဲ massage ပို့ပေးလိုက်မယ်"
"ကျေးဇူးပါ မမလေး"
အဲ့နေ့က သူရရော နှင်းဆီရော အလုပ်မသွားဖြစ်ခဲ့ဘူး၊ သီဟထွက်သွားတော့ ဧည့်ခန်းထဲမှာပဲ နှင်းဆီတစ်ယောက် လှမေကိုခေါ်ပြီးမေးတော့သည်။
"အမ မနေ့ညက သံပုရာရည်ထဲ ဆေးထည့်လိုက်တယ်မလား"
"နင်ဘာတွေလာပြောနေတာလဲ"
"ကျမမေးတာဖြေ"
"သူရ နင့်မိန်းမနင်ထိန်းဦး"
"အမ သူရကို ဘာမှ အကူအညီခေါ်မနေနဲ့၊ မေးတာသာဖြေ"
"......."
"အမထည့်လိုက်တယ်မဟုတ်လား"
"ထည့်ထည့် မထည့်ထည့် ခုဘာမှမှမဖြစ်တာ၊ ဘာဖြစ်လို့လာမေးနေတာတုန်း"
"ဘာမှမဖြစ်ဘူးဟုတ်လား ကျမရဲ့ ညီမက ရှင့်ကြောင့်ပဲ သူမချစ်တဲ့လူတစ်ယောက်နဲ့ အိပ်မိသွားတာလေ"
"ဟမ်?"
"မနေ့က သီဟက သံပုရာရည်ကိုသောက်လိုက်တာ၊ စံပယ်က အလုပ်သမားတန်းလျားဘက်မှာ သီဟကို နှုတ်ဆက်ဖို့ဆိုပြီးသွားတာ အဲ့မှာ သီဟကဆေးမိနေတော့ ဖြစ်သွားတာ"
"အော် အဲ့လိုလား"
"အမ သူရကိုတော်တော်လိုချင်နေတာလား၊ ကမ္ဘာပေါ်မှာ ယောက်ျားတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့သူရကိုပဲလိုက်ကပ်နေတာလဲ"
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"