နဂိုတည်းက ကိုယ့်ဘာကိုယ့်တွေးပြီး အိပ်မရဖြစ်နေတာကို ခုလိုပြောလိုက်တော့ ပိုတောင်မှဆိုးသွားသေးသည်။
နှင်းဆီနဲ့သူရ ဖုန်းပြောနေချိန် လှမေအဘိုးက သူ့မြေးကိုဖုန်းဆက်ပြီး ပြန်ခေါ်နေသည်။
"လှမေငြိမ်း ညည်းခုချက်ချင်းပြန်လာခဲ့တော့"
"ဘာဖြစ်လို့လဲအဘိုးရဲ့"
"Company ရှယ်ယာတွေကျနေတာ ညည်းမသိဘူးလား"
"အဲ့တာနဲ့ ဒါနဲ့ဘာဆိုင်လို့လဲ"
"ခုဖြစ်နေတာ ဆူးနှင်းဆီဆိုတဲ့ မိန်းမလုပ်တာ၊ သူရရဲ့မိန်းမ၊ သူဟိုနေ့တည်းက ငါကိုပြောတယ် ညည်းနဲ့သူရရဲ့လက်ထပ်ပွဲကိုဖျက်တဲ့ မဖျက်ရင်သူ့အဆိုးမဆိုနဲ့ဆိုပြီး"
"အဲ့ကောင်မက အဘိုးကိုတောင်လာခြိမ်းခြောက်တယ်ပေါ့"
"အေး သူကိုဒီနေ့ဖုန်းဆက်ပြောတော့ သူကပြန်ပြောတယ်၊ ညည်းကိုသူရအိမ်ကိုခေါ်ထုတ်သွားပြီး လက်ထပ်ပွဲကိုဖျက်တဲ့ အဲ့တာဆိုရင် သူပြန်အဆင်ပြေအောင်လုပ်ပေးမယ်တဲ့"
"အဘိုးကလည်း သူပြောတိုင်းလုပ်စရာလား"
"ဒီမှာ ငါဒီကုမ္ပဏီကို ငါ့သွေး၊ ချွေးတွေပေးဆပ်ပြီးတည်ထောင်ထားတာ၊ ငါလွယ်လွယ်နဲ့ပျက်စီးမခံနိုင်ဘူး"
"အဘိုး.."
"ညည်းဘာမှထပ်မပြောနဲ့တော့၊ မနက်ဖြန်ငါလာခေါ်မယ်!"
လှမေရဲ့အဘိုးလည်းပြောပြီးဖုန်းချလိုက်သည်။
အဲ့နေ့ညကျတော့ လှမေလည်းသူ့နောက်ဆုံးအကြံကို အကောင်အထည်ဖော်တော့သည်။ သူရက အိမ်ရှေ့ sofa ပေါ်မှာထိုင်ပြီး ရုံးအလုပ်တွေလုပ်နေခဲ့သည်။
လှမေကတော့ မီးဖိုချောင်မှာ သူရအတွက်သံပုရာရည်ဖျော်နေခဲ့သည်။ ထိုအချိန်ရုတ်တရက် နှင်းဆီ မီးဖိုချောင်ထဲဝင်လာတော့ လှမေတစ်ယောက် လန့်ပြီး ပျာယာခတ်သွားသည်။
"အသံမပေး ဘာမပေးနဲ့ လန့်သွားတာပဲ"
"အမကဘာမဟုတ်တာလုပ်နေလို့ လန့်သွားရတာလဲ"
"နင် စကားကိုကြည့်ပြောနော်!"
လှမေလည်း အအေးခွက်ယူပြီး ထွက်လာသည်။ နှင်းဆီလည်း ရေခဲသေတ္တာထဲက cola ဘူးယူပြီးထွက်လာခဲ့သည်။
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"