Part 4

417 3 0
                                    

နောက်နေ့မနက်ကျ စံပယ်ကစောစောထပြီး သူတို့၂ယောက်တွက် ချက်ပြုတ်ပေးနေတယ်၊ ထိုအချိန်မှာ နှင်းဆီတစ်ယောက်ကအိပ်ကောင်းတုန်း၊ စံပယ်လည်းနှင်းဆီကိုကြောက်တာနဲ့ မနိုးပဲနေနေလိုက်တယ်၊

နှင်းဆီနိုးလာတော့ အောက်ထပ်ကိုဆင်းလာတယ်

"မမ နိုးပြီလား"

"အေး"

"မနက်စာတွက်ကတော့ ညီမလေးပြင်ပြီးပြီ"

"အော် အေး"

"ဒါနဲ့ မမကိုတစ်ခုလောက်မေးလို့ရမလား"

"မေးလေ"

"ဟို...မမ..အဲ့ကောင်ကို ခုထိဒေါသထွက်နေတုန်းလား"

"ဘာဖြစ်လို့လဲ"

"မမပုံစံကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပေါက်နေလို့"

"ဟုတ်လား"

"ဟုတ်တယ်"

"ထားပါ၊ မနက်ခင်းအစမှာ အဲ့ကျက်သရေမရှိတဲ့ကောင်အကြောင်းမပြောချင်ဘူး"

"ဟုတ်"

နှင်းဆီလည်းပုံမုန်အတိုင်း company သွားအလုပ်တွေလုပ်ပေါ့၊ နှင်းဆီလည်းသူရုံးခန်းထဲထိုင်နေရင်းစဥ်းစားနေလိုက်တယ်

'ဟိုကောင်နဲ့လက်ထပ်လို့မရတော့ဘူး၊ သတင်းတွေမှာပါ ငါပွဲကြမ်းခဲ့တာတွေပါလာပြီ၊ ငါမြန်မာမှာနေဖို့နောက်တစ်နည်းစဥ်းစားမှရမယ်'

အဲ့လိုတွေးနေတုန်း ဖုန်းဝင်လာတယ်

"ဟယ်လို"

"ဟယ်လို မဆူးနှင်းဆီလားဗျ"

"ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ"

"ကျတော်တို့ ဆောက်လုပ်ရေးပြီးသွားပါပြီ၊ အဲ့တာ မဆူးနှင်းဆီ ဖွင့်ပွဲလုပ်ရင်လုပ်လို့ရပါပြီဗျ"

"အော် ဟုတ်ကဲ့"

ဆောက်လုပ်ရေးခေါင်းဆောင်ကဖုန်းဆက်တာဖြစ်တယ်၊ နှင်းဆီကမြန်မာမှာလည်းသူရဲ့ Company ကိုချဲ့ထွင်ဖို့လုပ်ထားတာဖြစ်တယ်၊ နှင်းဆီလည်းအကြံရသွားတယ်

'ဟုတ်တယ် ဒါပဲလေ၊ ငါ company ကိုအကြောင်းပြပြီး မြန်မာပြည်မှာနေလို့ရတယ်'

နှင်းဆီကတွေးပြီးပျော်နေတာပေါ့၊ အဲ့တာနဲ့ ရှယ်ယာရှင်တွေအစည်းအဝေးလုပ်ကြတယ်၊ မြန်မာမှာ ဖွင့်ပွဲလုပ်ဖို့ပေါ့နော်

ဆူးနှင်းဆီWhere stories live. Discover now