Part 15

285 6 0
                                    

နှင်းဆီထိုအသံဖိုင်လေးကို ထပ်ခါထပ်ခါပြန်နားထောင်ရင်း မျက်ရည်လေးတွေကျနေမိသည်။ အရင်တုန်းကတော့ ထိုအသံဖိုင်တွေကို ဒီတိုင်းအမှုမဲ့အမှတ်မဲ့ နားထောင်ပြီး ဘာမှမဟုတ်တဲ့ အပိုစကားတွေထင်ထားပေမဲ့လည်း.......

နောက် ၂ ရက် ၃ရက်လောက်နေတော့ သီဟဆီကဖုန်းဝင်လာသည်။

"ဟယ်လို မမလေး"

"ဟယ်လို"

"မမလေး ရှာခိုင်းထားတဲ့ vd ထဲကလူတွေကိုတွေ့ပြီ၊ ဘာဆက်လုပ်ရမလဲ"

"သူတို့ကိုဖမ်းထားလိုက်ပါ၊ ဘာမှတော့မလုပ်နဲ့ဦး"

"ဟုတ်၊ ဆရာမေးခိုင်းလိုက်လို့ပါ"

"ဟုတ်"

သီဟနဲ့ ဖုန်းပြောပြီး အလုပ်လေးတွေဆက်လုပ်နေလိုက်သည်။စိတ်ထဲမှာတော့
'ညီမလေးတွက် လက်စားချေဖို့နီးလာပါပြီ' ဟုတွေးရင်း ပိတိဖြစ်မိသည်။

အဲ့လိုနဲ့ ၂ပါတ်လောက်ထိ သူရနဲ့နှင်းဆီနဲ့ မဆက်သွယ်ဖြစ်ကြဘူး။ နှင်းဆီကလည်း နှင်းဆီပဲ။ 'သူတောင်မှနေနိုင်သေးတာပဲ ငါကျဘာလို့မနေနိုင်ရမှာလဲ' ဟုမာနကြီးနေခဲ့သည်။

ညတစ်ညကျတော့ သီဟဆီကနေ ဖုန်းဝင်လာပြန်သည်။

"ဟယ်လို မမလေး"

"ဟယ်လို ကိုသီဟ၊ ဟိုကောင်တွေအကုန်ဖမ်းမိပြီလား"

"အကုန်တော့ မဖမ်းမိသေးဘူး မမလေး"

"အဲ့တာဆို အရေးကြီးကိစ္စများရှိလို့လား"

"ဟုတ် မမလေး၊ ဆရာဓားထိုးခံရလို့"

"ဟေ! ဘယ်လိုဖြစ်ရတာလဲ၊ ခုဘယ်မှာလဲ!!"

"ခု ***ဆေးရုံမှာ"

"ကျမခုချက်ချင်းလာခဲ့မယ်"

နှင်းဆီတစ်ယောက် သူရဓားထိုးခံရတယ်လည်းဆိုရော ပိုက်ဆံအိတ်တစ်လုံးကောက်ကိုင်ကာ ကမန်းကတမ်း အိမ်ကနေ ဆေးရုံဆီထွက်လာခဲ့သည်။ ညဘက်ဆိုတော့ ကားလမ်းမပေါ်မှာလည်း ရှင်းနေတာကြောင့် ဆေးရုံကို ၁၀မိနစ်အတွင်းရောက်လာခဲ့သည်။

"မင်္ဂလာပါ ဘာများကူညီပေးရမလဲရှင့်"

"ခုနလေးကမှ ဓားဒဏ်ရာနဲ့ရောက်လာတဲ့သူရှိတယ်မလား"

ဆူးနှင်းဆီWhere stories live. Discover now