ညနေကျ ၂ယောက်တူတူနှင်းဆီရဲ့မိဘအိမ်ကိုသွားကြတယ်၊ နှင်းဆီကမခေါ်ချင်ပေမဲ့ တားလို့မှမရတာ၊ အိမ်ရောက်တော့ နှင်းဆီအဖေက နှင်းဆီတို့၂ယောက်ကိုလာကြိုတယ်၊ နှင်းဆီအမေကတော့ အခန်းထဲမှာပဲနေနေတာပေါ့
"သမီး လာလေ၊ ဒါနဲ့သမီးဘေးကကောင်လေးကဘယ်သူလေးလဲ"
"သူကသမီး..သမီးကောင်လေးပါ"
"အော် အေး သားဝင်လာလေ"
"ဟိုလေ အဖေ၊ သမီးဒီနေ့လာတာ အဖေ့ကိုပေးစရာရှိလို့ပါ"
"ဘာများလဲ"
နှင်းဆီကသူ့အဖေကို သူတို့၂ယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်စာပေးလိုက်တယ်
"သမီး...လက်..လက်ထပ်တော့မလို့လား"
"ဟုတ်တယ်အဖေ၊ နောက်အပါတ်လက်ထပ်မှာ"
"ကောင်းပြီ၊ ဒါနဲ့မင်းနာမည်ကဘယ်လိုခေါ်လဲ"
"ကျနော်နာမည်က သူရသတ္တိပါ"
"မင်းကဘာအလုပ်လုပ်လဲ"
"ကျနော်က ကျနော့်ကိုယ်ပိုင် company လည်းရှိပါတယ်၊ နောက်ပြီး နှင်းဆီရဲ့ company မှာလည်း ရှယ်ယာရှင်တစ်ယောက်ပါ"
"မင်းက ငါ့သမီးကိုဘာကြည့်ကြိုက်တာလဲ"
"ကျနော် အမှန်တိုင်းပဲပြောပါမယ်၊ ကျနော်သူ့ကို စစတွေ့တဲ့အချိန်ထဲက သူ့ရဲ့အလှကအရမ်းကို ညှို့အားပြင်းတယ်၊ နောက်ပြီး သူမှာတခြားမိန်းကလေးတွေမတူတဲ့အရာတစ်ခုရှိတယ်၊ အဲ့တာသူ့ရဲ့ စိတ်ဓာတ်ပဲ၊ သူကတော်ရုံတန်ရုံမျက်ရည်မကျတတ်ဘူး၊ ဦးလေးသိမသိတော့ကျနော်မသိဘူး၊ သူ့ရဲ့ရည်းစားဟောင်းကို ပွဲကြမ်းခဲ့တာလေ၊ ပုံမှန်မိန်းကလေးတစ်ယောက်ဆို ရည်းစားကဖောက်ပြန်သွားရင် မျက်ရည်နဲ့မျက်ခွက်နဲ့၊ သူကအဲ့လိုမဟုတ်ဘူး၊ ပြောရမယ်ဆိုရင်တော့ ကျနော်သူ့ရဲ့စိတ်ဓာတ်ကိုကြိုက်သွားတာပေါ့ဗျာ"
"အင်း...မင်းငါ့ရဲ့သမီးကို တကယ်ရောချစ်တာသေချာရဲ့လား၊ ငါ့သမီးကိုအပျော်ကြံလို့ကတော့ မင်းနဲ့ငါတွေ့မယ်"
"ကျနော် နှင်းဆီကိုတကယ်ချစ်တာပါ၊ သူ့အတွက်ဆို ကျနော်အသက်တောင်ပေးရဲပါတယ်"
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"