Part 19

398 5 0
                                    

နှင်းဆီလည်း အပေါ်တက်ပြီး အခန်းထဲမှာအနားသွားယူတော့သည်။

အဲ့လိုနဲ့ ညကျတော့ နှင်းဆီတစ်ယောက် သီဟဆီဖုန်းခေါ်လိုက်သည်။

"ဟယ်လို ကိုသီဟ"

"ဟယ်လို မမလေး ဘာကိစ္စများရှိလို့လဲ"

"မေးစရာရှိလို့ vd ထဲက၅ကောင်လုံးကိုဖမ်းမိတယ်မလား"

"ဟုတ် ဖမ်းမိထားပါတယ်"

"အဲ့ထဲမှာ လှမေရဲ့မောင်ရောပါလား"

"မပါပါဘူး မမလေး၊ ဘာဖြစ်လို့လဲ"

"တကယ်တော့ ငါ့ညီမသေသွားတာ လှမေမောင်ကြောင့်၊ ဒီနေ့လှမေကိုယ်တိုင်ပြောသွားတာ၊ သူ့မောင်သတ်လိုက်တာဆိုပြီး"

"အော် ဟုတ်လား မမလေး"

"အင်း သေချာအသေးစိတ်ကိုတော့ ကိုသီဟပြန်လာမှပဲပြောတော့မယ်"

"ဟုတ်ကဲ့ပါ"

"စံပယ်နဲ့ရောတွေ့ပြီးပြီလား"

"မတွေ့သေးဘူးမမလေး၊ ခုမှလေယာဉ်ပေါ်ကဆင်းတာဆိုတော့"

"အော်ဟုတ်"

"သီဟ မင်းပြောပုံအရဆိုရင် လှမေရဲ့မောင်က vd ထဲမပါနေဘူး၊ အဲ့တာဆိုဖြစ်နိုင်တာက လှမေရဲ့မောင်က vd ရိုက်တဲ့သူဖြစ်ဖို့များတယ်"

သူရက ဝင်ပြောသည်။

"အင်း ရှင်ပြောတာဟုတ်လောက်တယ်၊ အဲ့တော့ကျမတို့ဘယ်လိုလုပ်မလဲ"

"ရှာရမှာပေါ့"

"အင်း"

"ဆရာ ကျနော်ဒီိကနေ ရှာပေးရမလား"

"မင်းလည်းမင်းကိစ္စနဲ့အလုပ်ရှုပ်နေမှာပဲ၊ ငါတို့ဘာသာငါတို့ ဒီမှာရှာလိုက်မယ်"

"ဟုတ်ဆရာ"

"ပြောစရာမရှိတော့ရင် ကျမဖုန်းချလိုက်တော့မယ်နော်"

"ဟုတ် မမလေး"

နှင်းဆီက ဖုန်းချလိုက်ပြီး သူရကိုလှမ်းမေးလိုက်သည်။

"ဒါနဲ့ရှင် လှမေရဲ့မောင်အကြောင်းသိလား"

"သိတယ်လေ"

"အဲ့တာဆို သူအကြောင်းပြောပြ"

"သူ့နာမည်က ကျော်လင်းထက်၊ အသက်ရော အတန်းရောကမင်းညီမနဲ့အတူတူပဲ"

ဆူးနှင်းဆီWhere stories live. Discover now