နှင်းဆီတစ်ယောက် ထူးဆန်တဲ့အပြုံးတစ်ခုနဲ့သူရအခန်းထဲပြန်ဝင်လာခဲ့သည်။
"မမမေ စကားခနလောက်ပြောလို့ရမလား"
"အော့် အေး၊ ရပါတယ်"
အားလုံးက နှင်းဆီ လှမေကို မမမေလို့ခေါ်လိုက်တာကြောင့် ကြောင်သွားကြသည်။နှင်းဆီတို့ထွက်သွားတော့
"သီဟ"
"ဗျာ"
"ခုနက မင်းနဲ့ဆူးနဲ့ဘာပြောနေကြတာလဲ"
သီဟလည်း နှင်းဆီပြောသမျှ ပြန်ပြောပြလိုက်သည်။
ဆေးရုံပန်းခြံထဲမှာ နှင်းဆီနဲ့ လှမေနဲ့က စကားပြောနေကြသည်။"အမ သူရကိုလက်ထပ်တာ ပြန်စဥ်းစားစေချင်တယ်"
"ဘာလို့လဲ"
"အမ မယားငယ်အနေနဲ့နေချင်လို့လား"
"ငါကဘာကိစ္စမယားငယ်လုပ်ရမှာတုန်း"
"ကျမကတော့ သူရကိုကွာရှင်းပေးမှာမဟုတ်ဘူး၊ နောက်ပြီး ကျမအိမ်ကိုပြန်လာတော့မှာ"
"ဘာ!"
"ဟုတ်တယ် အမ သူရကိုလက်ထပ်ရဲရင် လက်ထပ်လိုက်၊ နောက်ပိုင်းအကျိုးဆက်ကတော့ကောင်းမှမဟုတ်ဘူးနော်"
နှင်းဆီက လှမေကို warning ပေးခဲ့ပြီး ပြန်လာခဲ့သည်။ လှမေကတော့ ဒေါသတွေထွက်ပြီး ပေါက်ကွဲနေတာပေါ့၊
"ဆရာဝန်က ပြောလိုက်တယ်၊ မနက်ဖြန်လောက်ဆို ဆေးရုံကဆင်းလို့ရပြီတဲ့"
"ဟုတ်မမလေး၊ မမလေးရော အိပ်ပြန်မလာဘူးလား"
"သီဟ!"
သူရကရုတ်တရက်အော်လိုက်သည်။
"တောင်းပန်ပါတယ် မမလေး"
"မလိုပါဘူး၊ ကျမအိမ်ပြန်လာမှာပါ"
"တကယ်လား မမလေး"
"အင်း"
အဲ့နေ့ညလည်း နှင်းဆီပဲဆေးရုံမှာစောင့်ပေးသည်။ လှမေကိုတော့ သီဟနဲ့အတူ အိမ်ပြန်ပို့လိုက်သည်။
"နှင်းဆီ"
"ဟမ်"
သူရကပုံမှန်ဆို ဆူးလို့ခေါ်နေကျဆိုပေမဲ့ ခုကျမှနှင်းဆီလို့ခေါ်လိုက်တော့ ၂ယောက်ကြားမှာ သူစိမ်းဆန်သွားတဲ့ ခံစားချက်လေး နှင်းဆီခံစားမိလိုက်သည်။
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"