Part 23 / Final

982 8 0
                                    

နှင်းဆီရဲ့သမီးလေး နှင်းမေသူ လေးကပြောသည်။

"သမီးရယ် သမီးအဖေကဟိုးအဝေးကြီးမှာလေ"

"မေမေ၊ ဟိုမှာ ဖေဖေလာပြီ"

နှင်းဆီလည်း တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ သူရက သူတို့ဘက်ကို လာနေတာ တွေ့လိုက်ရသည်။ သူရလည်း နှင်းဆီနဲ့ သူ့ကလေး၂ယောက်ကိုဖက်လိုက်သည်။

"ရှင်ဘယ်တုန်းက ပြန်ရောက်လာတာတုန်း"

"ခုလေးပဲ လေယာဥ်ပေါ်က ဆင်းတာနဲ့ မင်းတို့ဆီလာခဲ့တာ၊ သီဟကပြောတယ်လေ မင်းတို့ဒီနေ့ ဒေစီအုတ်ဂူဆီသွားမယ်ဆိုတာ"

"အော် ဟိုမှာအလုပ်ကိစ္စတွေအဆင်ပြေခဲ့တယ်မလား"

"ပြေပါတယ်ဗျာ"

အုတ်ဂူကတောင်ကုန်းပေါ်ဆိုတော့ ရှုခင်းလေးကလှတာပေါ့၊ နှင်းဆီလည်း ရှုခင်းလေးကိုငေးရင်း

"လွန်ခဲ့တဲ့ ၅နှစ်က မနေ့တစ်နေ့ကလိုပဲနော်"

"အင်း"

"ညီမလေးကဆုံးသွားတယ်၊ မေမေကစိတ်ရောဂါရသွားတယ်၊ အဲ့ချိန်ရုတ်တရက်ကြီး ကိုနဲ့လက်ထပ်လိုက်ရတယ်၊ ချစ်မှန်းမသိ ချစ်မိသွားတယ်၊ ကျမတို့၂ယောက်ကြား ပြဿနာလေးတွေဖြစ်သွားတယ်၊ ပြန်အဆင်သွားကြတယ်၊ အဲ့နောက် ကိုက အသက်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ်"

"ဒါတွေအားလုံးဖြစ်ပျက်သွားတာ အိပ်မက်တစ်ခုလိုပါပဲ"

"ဟုတ်တယ်၊ ဆူးလေ ကို ကားအက်စီးဒင့်ဖြစ်တဲ့နေ့ကို ခာထိမှတ်မိသေးတယ်"

────────♡♡♡♡─────────

လွန်ခဲ့သော၅နှစ်ခန့်က

သူရကားတိုက်ခံရပြီး ဆေးရုံရောက်သွားတော့ ဆေးရုံကနှင်းဆီ ဆီကိုလှမ်းဖုန်းဆက်သည်။ နှင်းဆီလည်းသိသိချင်း ဆေးရုံကိုလိုက်သွားခဲ့သည်။

"ဆရာ ကျမအမျိုးသား အခြေအနေဘယ်လိုလဲဆရာ"

"ကျနော်တို့ ကုသစရာရှိတာတွေအကုန်လုံးတော့ကုသပြီးပါပြီ၊ သတိရမရကတော့ သူ့အပေါ်မူတည်နေတယ်"

"ဟုတ်"

နှင်းဆီလည်း သတိရလာဖို့ ထိုင်ဆုတောင်းနေရုံကလွဲပြီး ဘာမှမတတ်တိုင်တော့။ ထိုအချိန် သီဟနဲ့စံပယ်လည်း ဆေးရုံကိုရောက်လာကြသည်။

ဆူးနှင်းဆီWhere stories live. Discover now