Part 2

560 5 0
                                    

နှင်းဆီအိပ်နေတုန်း သူ့အကြောင်းလေးပြောပြမယ်

သူအသက်က 25 နှစ်ရှိပြီ၊ သူ 16 နှစ်ဆယ်တန်းအောင်ပြီးထဲက US မှာကျောင်းတက်ပြီးနေနေတာ၊ ခုဆို US မှာ Company တောင်ပိုင်နေပြီ၊ Company ကလည်း ရိုးရိုးမဟုတ်၊ ဒိတ်ဒိတ်ကြဲနာမည်ကြီး company တစ်ခု

နှင်းဆီရဲ့ရုပ်ရည်က အရမ်းလှ၊ တော်လည်တော်ဆိုတော့ ပုရိသတွေဆိုတာ ဘေးမှာဝိုင်းဝိုင်းလည်နေတာပဲ၊ ဒါမဲ့ အဲ့ထဲကကံကောင်းသူလေးကတော့ နှင်းဆီရဲ့ ကောင်လေးပေါ့၊ သူ့နာမည်က ဇွဲယန်အောင်တဲ့၊ သူတို့တွဲတာ၁နှစ်တောင်မရှိသေးပါဘူး

နှင်းဆီရဲ့စိတ်ဓာတ်က သူ့အဖေနဲ့တူတယ်၊ စိတ်ဓာတ်ကြံခိုင်ပြီးမာကျောတယ်၊ တော်ရုံတန်ရုံကိစ္စလောက်နဲ့မျက်ရည်မကျတတ်ဘူး၊

ဆုံးဖြတ်ချက်တွေလည်းပြတ်သားတယ်၊ ဘူးဆို ဖရုံမသီးဘူး၊ အဲ့ဒါကြောင့်လည်း ခုလိုအောင်မြင်နေတာပေါ့

ဒီလောက်ပဲ ဇာတ်လမ်းပြန်ဆက်မယ်

────────♡♡♡♡─────────

နောက်နေ့မနက်
နှင်းဆီ ဆီကိုတစ်စုံတစ်ယောက်ဖုန်းခေါ်တာကြောင့် နှင်းဆီနိုးသွားတယ်

"ဟယ်လို"

"ဟယ်လို မမလား"

"ဟုတ်တယ် ညီမ၊ ဘာဖြစ်လို့လဲ"

"မမကို မမရဲ့ညီမနာရေးအတွင်းမှာပြောရတာအားနာပေမဲ့ မမခု US ကိုပြန်လာမှဖြစ်မယ်"

"ဟေ ဘာဖြစ်လို့လဲ"

"Company ကိုမလာတာ ကြာနေပြီလေ၊ ဘာမှအကြောင်းမကြားသွားတော့ ရှယ်ယာရှင်တွေရော ဒါရိုက်တာတွေရော ဒေါသထွက်နေပြီ၊ မမကြားထဲမှာ အစည်းအဝေးတွေလည်းမတက်ဘူးလေ"

"အော် ငါလည်းငါ့ညီမကိစ္စဆိုတော့ ကမန်းကတန်းဖြစ်သွားတာ၊ အေးအေး ငါမနက်ဖြန်ပြန်လာခဲ့မယ်"

"ဟုတ် မမ၊ သူတို့ကိုပြောထားလိုက်မယ်"

────────♡♡♡♡─────────

ဒီတစ်ယောက်ကတော့ နှင်းဆီညီမတစ်ယောက်လိုခင်ရတဲ့သူပေါ့၊ သူနာမည်က စံပယ်ဖြူတဲ့၊ သူကလည်း နှင်းဆီလို အသက် 16 နှစ်ထဲက US မှာကျောင်းလာတက်တာ၊ အဲ့ချိန်မှာ နှင်းဆီက အသက်18နှစ်၊ ကျောင်းကစီနီယာကြီးပေါ့

စံပယ်ဖြူက သူညီမ ဒေစီယာလိုပဲ စိတ်ထားနူးညံတယ်၊ အဲ့တာကြောင့် US မှာကျောင်းတက်တော့အနိုင်ကျင့်ခံရတယ်၊ ဒါမဲ့နှင်းဆီက အဲ့လိုအနိုင်ကျင့်တဲ့သူတွေကိုလုံးဝမကြိုက်၊ စံပယ်ဖြူကိုလည်း သူတို့လက်ထဲကနေ နှင်းဆီပဲကာကွယ်ပေးထားတာ

အဲ့လိုနဲ့ ၂ယောက်သား ညီအမလိုခင်မင်သွားကြတာပေါ့၊ ခုလည်း စံပယ်က နှင်းဆီရဲ့ Company မှာမန်နေဂျာချုပ်အနေနဲ့အလုပ်လုပ်နေတာပေါ့၊ စံပယ်ကဥာဏ်ကောင်းတာကြောင့်လည်း ခုလိုမန်နေဂျာချုပ်နေရာပေးထားတာပေါ့

────────♡♡♡♡─────────

နှင်းဆီလည်း ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတယ်

"အဖေ မေမေရော"

"သမီးအမေကအခန်းထဲမှာပဲ"

"အစားမစားဘူးလား"

"ဟင့်အင်း"

"အမေနဲ့ကတော့ခက်ပြီ၊ သမီးထပ်သွားခေါ်လိုက်ဦးမယ်"

"အေး"

နှင်းဆီလည်းသူ့အမေကို မနည်းနားချပြီး အခန်းပြင်ခေါ်ထုတ်လာတယ်

"ဖေ သမီးတို့ဒီနေ့အပြင်မှာထွက်စားရအောင်"

"အော် အေ့"

သားမိသားဖ ၃ယောက် စားသောက်ဆိုင်လေးဆီထွကာလာခဲ့တယ်၊ ကားပေါ်မှာလည်း တိတ်ဆိတ်မှုတွေပဲပြည့်နေတယ်၊ ဆိုင်ရောက်တော့

"အမေ လာ၊ အမေဘာစားချင်လဲ"

"အဆင်ပြေတာပဲစားမယ်"

"အမေစားချင်တာပြောလေ"

"အမေဘာမှမစားချင်ဘူး"

"သမီးကမနက်ဖြန် US ပြန်ရတော့မှာ၊ အမေခုလိုလုပ်နေရင်သမီးက ဘယ်လိုလုပ်စိတ်ချမှာလဲ"

"အေးပါ သမီးရယ်၊ အမေခေါက်ဆွဲကြော်ပဲစားတော့မယ်"

"ဟုတ်"

အစားသောက်တွေမှာလိုက်ပြီး နှင်းဆီအမေကတော့ မစားချင်စားချင်နဲ့ပဲစားနေရတယ်၊ အဲ့နေ့တစ်နေ့ကတော့ နှင်းဆီအမေလည်း သူ့သမီးစိတ်ချမ်းသာအောင်ဆိုပြီး နေပေးလိုက်တယ်၊

နောက်နေ့ကျ နှင်းဆီက US ပြန်တော့မှာမလို့ လေယာဥ်ကွင်းကိုလိုက်ပို့ကြတယ်၊ နှင်းဆီအမေက သူ့သမီးလေး US ကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်အောင်လို့သာ ပြုံးပြနေတယ်၊ နှင်းဆီကလည်း သူ့အမေ ပျော်အောင်လို့သာသူပြုံးပြနေရတာ၊ အဲ့ဒီအပြုံးတွေနောက်ကွယ်မှာ မျက်ရည်တွေရှိတယ်ဆိုတာဘယ်သူမှမသိကြဘူး

နှင်းဆီလည်း လေယာဥ်ပေါ်တက်သွားပြီး နှင်းဆီရဲ့မိဘတွေလည်းပြန်သွားကြပြီ၊ နှင်းဆီကတော့ သူ့ညီမတွက် လက်စားပြန်ချေဖို့ plan ကိုလေယာဥ်ပေါ်မှာ ထိုင်စဥ်းစားနေတော့တယ်

ဆူးနှင်းဆီWhere stories live. Discover now