Part 11

299 5 0
                                    

သူတို့လည်း weekdays တွေဆိုတော့အလုပ်သွား၊ Weekends တွေဆိုလျှောက်လှည်ကျနဲ့ သာယာနေကြတာပေါ့၊ အဲ့လိုနဲ့ ၁လလောက်ရှိသွားပြီ နှင်းဆီကလည်း သူရအပေါ်ခံစားချက်လေးဘာလေး နည်းနည်းပါးပါးရှိလာပြီ။

အဲ့နေ့က နှင်းဆီ သူ့ company မှာရင်းနှီးမြုပ်နှံမဲ့သူနဲ့အစည်းအဝေးလုပ်နေတာပေါ့

"ကျမတို့ကုမ္ပဏီကို ယုံကြည်ပြီး ရင်းနှီးမြုပ်နှံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး ပြောရင်းနဲ့အကူညီလေးတစ်ခုလောက်တောင်းလို့ရမလား"

"ဟုတ်ကဲ့ ပြောပါ"

"ဒီတစ်ခါကျုပ်မြေးကိုလွှဲထားခဲ့မှာ ဆိုတော့သူကိုသေချာလေးသင်ပြပေးလိုက်ပါဦးဗျ"

"ဟုတ်"

"ဒါကျုပ်မြေးပဲ နာမည်က မောင်ပိုင်စိုး"

"တွေ့ရတာဝမ်းသာပါတယ်ဗျ"

"ကျမလည်း တွေ့ရတာဝမ်းသာပါတယ်"

"ကျုပ်တို့ပြန်လိုက်ပါဦးမယ် ယုံကြည်ထားတယ်နော်"

"ဟုတ်ကဲ့ပါ ကျမလိုက်ပို့ပါမယ်"

နှင်းဆီလည်း သူရဲ့ဧည့်သည်တွေကို ကုမ္ပဏီရှေ့ထိ လိုက်ပို့ပေးခဲ့တယ်

"ကောင်းကောင်းသွားပါရှင့်"

"ဟိုလေ စိတ်မရှိရင်တစ်ခုလောက်မေးလို့ရမလား"

"မေးပါ"

"ကျနော်တို့ လုပ်ငန်းအဆင်ပြေသွားတဲ့အနေနဲ့ တစ်ရက်လောက်ညစာတူတူစားလို့ရမလား"

"ဟုတ် ရပါတယ်"

"ဘယ်နေ့လောက်အဆင်ပြေမလဲဗျ"

"သောကြာနေ့လောက်တော့ အဆင်ပြေမယ်ထင်တယ်၊ အဲ့ဘက်ကရော အဆင်ပြေရဲ့လား"

"ဟုတ် ကျနော်လည်းသောကြာနေ့ကအဆင်ပြေမယ်လို့ထင်တယ်"

"ဟုတ်"

"အဲ့တာဆို သောကြာနေ့မှတွေ့ကြတာပေါ့၊ ကျနော်လာခေါ်ရမလား"

"မလိုပါဘူး ကျမဘာသာကျမလာခဲ့ပါမယ်"

"ဟုတ်ကဲ့ပါဗျ"

ပိုင်စိုးတို့ မြေးအဖိုး၂ယောက်ထွက်သွားပြီးတော့ နှင်းဆီလည်းသူရုံးခန်းထဲပြန်ဝင်လာတယ်

ဆူးနှင်းဆီWhere stories live. Discover now