Part 7

388 7 0
                                    

နောက်နေ့ကျ နှင်းဆီလည်း ရုံးသွားတာပေါ့၊ ရုံးရောက်တော့ စံပယ့်ဆီက missed call ဖြစ်နေတာတွေ့တော့ ဖုန်းပြန်ခေါ်လိုက်တယ်

"ဟယ်လို မမ"

"ဟယ်လို ဘာကိစ္စရှိလို့လား၊ Company တစ်ခုခုဖြစ်လို့လား"

"ကိစ္စရှိမှဖုန်းခေါ်ရမှာလား မမကလည်း"

"မဟုတ်ပါဘူး ခေါ်ချင်တဲ့ချိန်ခေါ်လို့ရပါတယ်ကွယ်၊ နောက်ပြီး မြန်မာပြည်ဘယ်တော့လာမှာလဲ"

"အဲ့တာပြောဖို့ ဖုန်းဆက်လိုက်တာ၊ ညီမမနက်ဖြန်လာခဲ့မလို့"

"အော် လာလေ"

"မမ မင်္ဂလာဆောင်တွက် အင်္ကျီရွှေးပြီးပြီလား"

"မရွှေးရသေးပါဘူး"

"အဲ့တာဆို ညီမလာမှ တူတူသွားရွှေးရအောင်"

"အေးပါ ဟုတ်ပါပြီ"

"ဒါနဲ့ မမတို့၂ယောက်တွဲတာလည်းညီမ မသိလိုက်ရပါလား၊ လက်ထပ်မှပဲသိရတယ်"

"အွန်း...အဲ့လိုပဲဖြစ်သွားတယ်"

"အော် ပြောရဦးမယ်၊ မမနဲ့လက်ထပ်မဲ့ ကိုသူရကလေ Company ရှယ်ယာတွေကို မြန်မာကဟာတင်မဟုတ်တော့ဘူး၊ US ကဟာတွေပါဝယ်နေပြီ"

"ဟယ် ဟုတ်လား၊ သူငါ့ထပ်များသွားပြီလား"

"ဟင့်အင်း၊ မမထက်တော့မများသေးဘူး၊ ဒါမဲ့ မမရဲ့ 3ပုံ2ပုံလောက်တော့ရှိနေပြီ"

"အေး ပြောစရာရှိသေးလား"

"မရှိတော့ပါဘူး၊ မမကလည်းနော် သူမှာချစ်သူရှိသွားတာနဲ့ ညီမကိုတောင် စိမ်းသွားပြီလား"

"မဟုတ်ရပါဘူးကွယ်၊ အလုပ်လေးရှိသေးလို့လေ၊ နင်ဖုန်းဆက်တဲ့အချိန်ကိုလည်းကြည့်ဦး၊ မြန်မာမှာ အလုပ်ချိန်ကြီးလေ"

"ဟုတ်သားပဲ ဆောရီး😁"

"ဒါပဲနော်"

"ဟုတ်"

နှင်းဆီလည်း စံပယ်နဲ့ဖုန်းပြောပြီး သူရရဲ့ company ကိုသွားတော့တယ်၊ နှင်းဆီကသူ့ဘာသူကားမောင်းပြီးသွားတော့ ကားတည်းတစ်ယောက်တည်း စကားတွေပြောနေတယ်

"မကောင်းတဲ့ကောင်၊ ငါ့ US က company ရဲ့ရှယ်ယာတွေကို ရာရာစစ လာထိတယ်ပေါ့၊ ဟွန့် အဲ့မကောင်းတဲ့ကောင်က ငါ့ကို လုံးဝ အပိုင်ကြံထားတာပဲ 🤬"

ဆူးနှင်းဆီWhere stories live. Discover now