လက်ထပ်ပွဲပြီးတော့ နှင်းဆီကသူရအိမ်မှာလိုက်နေရတာပေါ့၊ အိမ်ရောက်တော့
"မင်းပင်ပန်းနေရင် နားလိုက်ဦး၊ မင်းကိုယ့်အခန်းရောက်ဖူးတာပဲ မှတ်မိတယ်မလား"
"ကျမ ရှင်နဲ့အတူတစ်ခန်းထဲနေရမှာလား"
"ဟုတ်တယ်လေ ကိုယ်တို့လင်မယားတွေပဲဟာ"
"ကျမရှင်နဲ့တစ်ခန်းထဲအတူ မနေနိုင်ဘူး၊ ရှင့်အိမ်လိုက်နေပေးတာတောင် ကျေးဇူးတင်"
"ဒါပေမဲ့လည်း ကိုယ့်တို့ကလက်ထပ်ထားပြီး တူတူမနေရင်တခြားသူတွေဘယ်လိုထင်မလဲ"
"ဘယ်သူမှ အိမ်ထိတက်ပြီးလာမစုံစမ်းဘူး"
"ဘယ်သူမှမစုံစမ်းပေမဲ့ အလုပ်သမားတွေရှိတယ်လေ"
"အဲ့တော့"
"သူတို့ကနှုတ်ဖွာရင်ဘယ်လိုလုပ်မလဲ"
"......."
"အဲ့ခါကျ မင်းပဲထိခိုက်မှာနော်၊ မင်းကမိန်းကလေးတစ်ယောက်ဖြစ်တာမို့၊ ကိုယ်က ကိစ္စမရှိဘူး"
"အဲ့ဆိုလည်း ပြီးရော၊ ဒါမဲ့ရှင်ကျမအသားကို တစ်စက်လေးတောင်လာမထိနဲ့နော်"
"....."
"ဟွန့် လူယုတ်မာ"
နှင်းဆီက တိုးတိုးလေးပြောလိုက်ပေမဲ့ သူရကကြားသွားခဲ့တယ်၊ သူရလည်း နှင်းဆီကို ခါးကနေဆွဲဖက်ပစ်လိုက်ပြီး
"ကိုယ်တကယ် ယုတ်မာပြရမလား သဲ"
"ရှင်ကျမကိုလွှတ်၊ နောက်ပြီး သဲလို့လည်းမခေါ်နဲ့"
သူရက ဖက်ထားတာကို ပိုတင်းလိုက်ပြီး
"သဲလို့မခေါ်ရင်ဘယ်လိုခေါ်ရမလဲ ချစ်လို့ခေါ်ရမလား ဘေဘီကတော့မင်းအစထဲကမကြိုက်ဘူးဆိုတော့"
"ကျမကို တခြားသူတွေခေါ်သလို နှင်းဆီပဲခေါ်"
"ဟင့်အင်း နှင်းဆီဆိုတဲ့နာမည်က တခြားသူတွေခေါ်တာမို့မခေါ်ဘူး"
"အဲ့ဆိုလည်း ဘယ်လိုမှမခေါ်နဲ့တော့၊ ခုကျမကိုလွှတ်၊ မလွှတ်ရင် နောက်မှကျမအဆိုးမဆိုနဲ့"
"မလွှတ်ဘူးကွာ🤪"
နှင်းဆီလည်း သူရကို မလွှတ်ရကောင်းလားဆိုပြီး သူရရဲ့ လည်ပင်းကိုကိုက်ချပလိုက်တယ်
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"