Part 21

277 3 0
                                    

သီဟကဖုန်းချသွားသည်။ နှင်းဆီတစ်ယောက် သီဟကိုလိမ်ညာလိုက်ရတဲ့အတွက် စိတ်ထဲမကောင်းပါ။

"မင်းတကယ်မပြောပြတော့ဘူးလား"

"ကျမ ကတိတည်ရမယ်လေ"

"ဒါပေမဲ့...."

"ဒါကျမတို့ဝင်ပါလို့ရတဲ့ကိစ္စမှမဟုတ်တာ"

သူရနဲ့နှင်းဆီလည်းသက်ပြင်းသာချနိုင်တော့သည်။

"ဒါနဲ့လေ ကို ဆူးပြောဦးမယ်"

"ပြောလေ"

"ဆူး လှမေမောင်သေတဲ့ကိစ္စကို သံသယဝင်နေသေးတယ်၊ သူကရုတ်တရက်ကြီး ဝုန်း ဒုန်းဆိုပြီး သေမဲ့သူမျိုးမဟုတ်ဘူး၊ ဘယ်လိုပဲတိုက်ပေါ်ကပြုတ်ကျတယ်ပြောပြော လှမေတို့ကဆရာဝန်တွေနဲ့သေချာအသက်ကယ်မှာပဲ"

"မင်းပြောတာဟုတ်တယ်၊ လှမေက မိသားစုထဲမှာသူ့မောင်ကို အချစ်ဆုံးနဲ့အလိုလိုက်ဆုံးပဲ"

"ဒါသူတို့ဘက်က တစ်ခုခုကြံစည်ထားပဲဖြစ်ရမယ်"

"အွန်း ငါသီဟကိုစုံစမ်းခိုင်းလိုက်မယ်"

သူရလည်းချက်ချင်း သီဟကိုဖုန်းဆက်ပြီး စုံစမ်းခိုင်းလိုက်သည်။ ထို့နောက် သူရနဲ့နှင်းဆီလည်း တူတူအိပ်ရာဝင်ခဲ့ကြသည်။

────────♡♡♡♡─────────

နောက်နေ့ကျ စံပယ်ဖုန်းဆက်လာသည်။

"ဟယ်လို မမ"

"အေး စံပယ်ပြော"

"ကိုသူရရဲ့အိပ်လိပ်စာပို့ပေးလို့ရမလား ညီမခုလာခဲ့မလို့"

"အော် အေးအေး အဲ့တာဆိုစောင့်နေမယ်"

နှင်းဆီလည်း စံပယ်ကို လိပ်စာပို့ပေးလိုက်သည်။ သိပ်မကြာခင်မှာပဲ စံပယ်ရောက်လာသည်။

"လာ လာအိမ်ထဲဝင်"

"ဟုတ်မမ ဒါနဲ့အိမ်မှာမမတစ်ယောက်ထဲလား"

"မဟုတ်ရပါဘူးခင်ဗျာ ဘာများဖြစ်လို့ပါလဲ"

သူရကအပေါ်ထပ်ကဆင်းလာရင်းပြောလိုက်သည်။

"ကိုယ်မိန်းမကို အိမ်မှာတစ်ယောက်ထဲထားသွားတာလားလို့"

"ကဲပါ ပြောပါဦး ဘာကိစ္စများလဲ"

ဆူးနှင်းဆီWhere stories live. Discover now