သူရလည်း နှင်းဆီရဲ့ခါးလေးကို နောက်ကနေ အသာလေးဖက်လိုက်တယ်၊ နှင်းဆီကတော့ဘာမှမပြောပဲငြိမ်နေလိုက်တယ်
"ဆူး အိပ်သေးဘူးလား"
"ရှင်ကျမကိုဘာလို့မပြောပြခဲ့ရတာလဲ"
"ဟင်"
နှင်းဆီလည်း သူရဘက်ကိုလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်ကာ
"ပြောလေ"
"ကိုယ့်ကိုမင်းကြောက်သွားမှာစိုးလို့ပါ၊ မင်းကိုသာပြောပြခဲ့ရင် ခုချိန်မင်းကိုယ့်ကိုလက်ထပ်မှာလည်းမဟုတ်သလို မင်းကကိုယ်နဲ့အဝေးဆုံးနေရာကိုထွက်သွားပစ်မှာမဟုတ်ဘူးလား"
"အခုကျမရှင့်ရှေ့မှာရပ်နေတယ်မဟုတ်လား ကျမသာကြောက်မယ်ဆိုရင် ဒီနေရာမှာရှိနေမှာမဟုတ်ဘူး နောက်ပြီး ဆူးနှင်းဆီဆိုတဲ့ ကျမက ဘယ်အရာကိုမှမကြောက်တတ်ဘူး"
"ကိုယ်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့မင်းကိုပြောပြဖို့လုပ်ထားတာပါ"
"ဘယ်နေ့လဲ ဘယ်ချိန်လဲ"
"ဘာပဲဖြစ်ဖြစ် မင်းခုသိသွားပြီပဲလေ အဲ့တာတွေကအရေးမပါတော့ပါဘူး"
"အင်းပါ ဟုတ်ပါတယ်လေ ကျမသိသွားပြီဟာကို"
နှင်းဆီကအရစ်ရှည်တဲ့လူမျိုးမဟုတ်တော့ နားလည်ပေးလိုက်ပါတယ်၊ သူရကတော့အံဩသွားတာပေါ့ သူ့ကိုရစ်မယ်ထင်နေတာလေ
"ကျမသွားပြီ အိပ်တော့မယ်"
"အင်း ကိုယ်လည်းအိပ်တော့မယ်လေ"
ထုံးစံတိုင်း ကြားထဲခေါင်းအုံးစည်းခြားပြီးအိပ်ကြတာပေါ့
────────♡♡♡♡─────────
ပိတ်ရက်ကျ
"ဆူး ဒီနေ့ရာသီဥတုကလည်းသာယာတယ် ပိတ်ရက်လည်းဖြစ်တယ်ဆိုတော့ ကိုယ့်တို့လျှောက်လည်ကြမလား"
"အင်း သွားမယ်လေ၊ ကျမလည်းလျှောက်မလည်ရတာကြာလှပြီ"
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"