နှင်းဆီနဲ့သူရလည်း အပေါ်ထပ်တက်ကာ ထည့်စရာရှိတာတွေသွားထည့်တော့သည်။ ထည့်နေရင်းနဲ့ သူရကစကားစလိုက်သည်။
"US ရောက်ရင် ကိုယ့်အိမ်မှာနေမှာလား၊ မင်းအိမ်မှာနေမှာလား"
"ကျမကတော့ ဖေဖေတို့နဲ့ကျမအိမ်မှာပဲနေမှာ"
"အဲ့တာဆိုကိုယ်တို့၂ယောက်လွတ်လွတ်လပ်လပ်မနေရတော့ဘူးပေါ့"
"ရှင်ကိုဘယ်သူက ကျမအိမ်လိုက်နေခိုင်းလို့လဲ"
"မနေခိုင်းလည်းနေမှာ၊ နောက်ပြီး မင်းကိုအပြစ်ပေးရဦးမယ်"
"ဟမ်..ဘာဖြစ်...."
နှင်းဆီစကားတောင်မဆုံးသေးခင် သူရတစ်ယောက်နှင်းဆီရဲ့နှုတ်ခမ်းလေးကို အနမ်းရိုင်းများဖြင့်နမ်းရှိုက်လိုက်သည်။ နှင်းဆီ ရုန်းထွက်ဖို့ကြိုးစားသော်လည်း နှင်းဆီရဲ့လက်များကို သူရက နံရံပေါ်၌ ချုပ်ကိုင်ထားလိုက်သည်။
(စာနဲ့ရေးရင် မျက်လုံးထဲမမြင်မှာစိုးလို့🌚)
သူရကနှင်းဆီရဲ့နှုတ်ခမ်းတွေသွေးထွက်တဲ့ထိ နမ်းပြီးတော့မှ ပြောလိုက်သည်။
"နောက်တစ်ခါ 'ရှင်'လို့ထပ်ခေါ်ချင်သေးလား"
"......"
"ဘာလို့ပြန်မဖြေတာလဲ ထပ်အနမ်းခံချင်သေးလို့လား"
"လူကိုနမ်းရင်လည်းဖြည်းဖြည်းနမ်းပေါ့၊ သွေးထွက်တဲ့ထိနမ်းစရာလား ဟွန့်"
နှင်းဆီမျက်နှာလေး ဆူပုတ်ကာ လုပ်စရာရှိတာဆက်လုပ်နေသည်။
"မင်းနှုတ်ခမ်းက ကိုက်စားချင်စရာလေးဖြစ်နေတာကို"
"......."
"ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်မဆိုးနဲ့လေနော်"
"......."
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"