Part 14

281 5 0
                                    

နှင်းဆီတစ်ယောက်ကားပေါ်မှာ တစ်ယောက်တည်းစကားတွေပြောရင်းဒေါသထွက်ထွက်နဲ့ပဲ သူ့ company ကိုရောက်လာခဲ့သည်။

Company ရောက်တော့လည်း စိတ်ထဲသဝန်ပဲတိုနေသလို ဒေါသပဲထွက်နေသလိုနဲ့ အလုပ်မှာလည်းအာရုံမရတော့ဘူး။ နှင်းဆီလည်း company ခေါင်းမိုးထပ်ကို တက်ပြီး စိတ်ထဲရှိသလောက် အော်ချလိုက်သည်။

အဲ့တာကြောင့်နှင်းဆီလည်း အလုပ်ကိုနေ့တစ်ဝက်ခွင့်ယူပြီး ထမင်းစားချိန်ကျအလုပ်ကနေထွက်လာခဲ့သည်၊ကားပေါ်မှာ စံပယ်ကိုဖုန်းလှမ်းခေါ်ပေမဲ့ US မှာမနက် 1 နာရီကြီးဆိုတော့ စံပယ်ကဖုန်းမကိုင်ဘူး။

နှင်းဆီလည်း ဒေါသတွေပြေသွားအောင်ဆိုပြီး Gym သွားလိုက်သည်။ နေ့လယ် ၃နာရီလောက်ကျ စိတ်အခြေအနေတည်ငြိမ်သွားတော့ အိမ်ပြန်လာခဲ့သည်။

"သမီးပြန်ရောက်ပြီလား ဒီနေ့တော့မောင်သူရမလာသေးဘူး"

"အဖေရယ် သူ့ကိုမျှော်မနေနဲ့တော့"

"ဘာဖြစ်လို့လဲသမီး၊ အဖေတို့က သန်ဘက်ခါဆိုရင် US ကိုသမီးအမေဆေးကုဖို့သွားရတော့မှာ၊ သမီး ဒီမှာတစ်ယောက်တည်းဖြစ်နေမှာပေါ့"

"သမီးလည်းအဖေတို့နဲ့ US ကိုပြန်လိုက်ခဲ့တော့မယ်"

"အယ် မလိုက်ရပါဘူးနော်၊ သမီးဒီမှာပဲမောင်သူရနဲ့နေလေ၊ လင်မယားဆိုတာ တခါတလေရန်ဖြစ်ကြမှာပဲမဟုတ်လား နောက်ပြီးပြန်တည့်သွားမှာပဲလေ"

"သမီးကတော့ အဖေတို့နဲ့ပဲ US ပြန်လိုက်ချင်တယ်"

"ဒီမှာသမီး အဖေပြောမယ်
သမီးတို့ကြားမှာ ဘာအထင်လွဲစရာတွေဖြစ်ခဲ့မှန်း ရေရေရာရာမသိပေမဲ့ ဟိုနေ့ကမောင်သူရပြောပြသလောက်အကြမ်းဖျင်းတော့သိတယ်"

"အဖေကလည်း သူပြောပြတာအကုန်ပဲ ဘာမှထပ်မရှိတော့ဘူး"

"နှင်းဆီ အဖေ့စကားဆုံးအောင်နားထောင်၊ ဖြတ်မပြောနဲ့
မောင်သူရပြောပြတာအကုန်ပဲဆိုရင် ဒီတစ်ခါသမီးမှားတယ်
သမီးကိုအဖေပြောမယ်၊ သေချာနားထောင်"

"ဟုတ်"

"မောင်သူရက အမြဲသမီးလိုချင်တာတွေပဲဖြည့်ဆည်းပေးခဲ့တယ်မဟုတ်လား၊ ဟိုနေ့ကရန်ဖြစ်တော့လည်း သမီးကို လက်နဲ့တောင်မရွယ်ဘူးမဟုတ်လား"

ဆူးနှင်းဆီWhere stories live. Discover now