နှင်းဆီတို့ဘက်မှာ
"မမရေ အချိန်နဲ့နေရာသိရပြီ ဒီမှာ"
"အင်း မနက်ဖြန်သွားတာပေါ့ နင်ရောလိုက်မှာလား"
"လိုက်မှာပေါ့၊ မမတစ်ယောက်တည်းစိတ်မချဘူး"
"အမလေး ဟုတ်ပါပြီနော်"
နှင်းဆီလည်းရုံးဆင်းတော့အိမ်ပြန်လာတယ်၊ နှင်းဆီအိမ်ရောက်တော့ ညနေ ၅နာရီလောက်ပဲရှိသေးတယ်၊ သူရကတော့မရောက်သေးဘူး
"သမီး ရောက်လာပြီလား"
"ဟုတ် ရောက်ပြီ ကြီးမေ၊ ဒါနဲ့ ကြီးမေဘာတွေချက်နေတာတုန်း"
"အော် ညစာတွက်ချက်နေတာ၊ သမီးပုစွန်ကြိုက်တယ်မလား"
"ဟုတ် ကြိုက်ပါတယ်၊ သမီးကူချက်ပေးရမလား"
"ရပါတယ်ကွယ်၊ သမီးပင်ပန်းလာမှာပဲ နားချင်နားတော့လေ"
"ရပါတယ် အဲ့တော့ညစာတွက်ဘာထပ်လုပ်ဦးမလဲ သမီးလုပ်ပေးမယ်လေ"
"ပန်းစိမ်းကြော်ရင်ကောင်းမလား၊ လက်ဖက်ပဲသုပ်ရင်ကောင်းမလား အဲ့တာစဥ်းစားနေတာ သမီးဘာစားချင်လဲ"
"သမီးကိုမေးရင်တော့ လက်ဖက်သုပ်ပဲပေါ့ ကြီးကြီးရယ်"
"အဲ့ဆိုလည်း လက်ဖက်ပဲသုပ်ကြတာပေါ့"
"သမီး ခရမ်းချဥ်သီးတွေဘာတို့လှီးထားလိုက်မယ်နော်"
"အေးအေး"
နှင်းဆီတစ်ယောက် မီးဖိုချောင်ထဲ ကြီးမေနဲ့တူတူပျော်ပျော်ရွှင်ရွှင် ဟင်းချက်နေတာပေါ့၊ သိပ်မကြာပါဘူး သူရပြန်လာတော့ မီးဖိုထဲကူလုပ်ပေးပြီးပျော်နေတဲ့နှင်းဆီကိုမြင်ပြီး သူရတစ်ယောက်ပိတိတွေဖြစ်နေမိတယ်
'မင်းက ခုလိုလေးပြုံးပျော်နေတော့လည်း ချစ်ဖို့ကောင်းတာပဲနော်၊ ဘယ်လိုနေနေ ကိုယ့်နှလုံးသားကို ကခုန်အောင်လုပ်နေတာပဲ'
တွေးနေတုန်းရှိသေး နှင်းဆီက လှမ်းခေါ်လိုက်တော့ သူရတစ်ယောက်လန့်သွားတယ်
"ရှင် အဲ့မှာဘာရပ်လုပ်နေတာလဲ"
"ဘာမှ..ဘာမှမလုပ်ဘူး"
"အဲ့ဆိုလည်းပြီးတာပဲ ရှင်ကကျောက်ရုပ်လိုရပ်နေတော့ မတ်တတ်ရပ်ပြီး သေသွားတာလားလို့"
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"