သောကြာနေ့ရောက်တော့ နှင်းဆီလည်း ပိုင်စိုးနဲ့ချိန်ထားတာမလို့ အိမ်ကိုမပြန်တော့ပဲ စားသောက်ဆိုင်ကိုပဲတိုက်ရိုက်သွားခဲ့တယ်
နှင်းဆီဆိုင်ရောက်တော့ ပိုင်စိုးကရောက်နှင့်နေပြီ
"မင်္ဂလာပါဗျ"
"ဟုတ် မင်္ဂလာပါ"
"ခုလိုမျိုး ကျနော့်ကိုအချိန်ပေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
"မဟုတ်တာပဲ"
အဲ့လိုနဲ့၂ယောက်သား ညစာစားနေလိုက်ကြတယ်
────────♡♡♡♡─────────
နှင်းဆီနောက်ကို လှမေကနောက်ယောင်ခံလိုက်ခိုင်းထားတော့ နှင်းဆီတခြားယောက်ျားတစ်ယောက်နဲ့ တွေ့နေတာကို လှမေသိသွားတယ်၊ လှမေလည်း ဒါအခွင့်အရေးပဲဆိုပြီး အကြံစည်ကြီး ကြံစည်လိုက်တယ်
"သူရ"
"ပြော"
"ငါ ဆိုင်တစ်ဆိုင်တွေ့ထားတယ်၊ တော်တော်လေးလည်း review ကောင်းတယ်၊ အဲ့ဆိုင်ပဲသွားစားကြမလား"
"ရတယ် နင်အဆင်ပြေသလိုလုပ်လိုက်"
"အေးအဲ့တာဆို သွားရအောင်"
လှမေလည်း နှင်းဆီတို့ရှိတဲ့ဆိုင်ကိုတမင်ခေါ်သွားလိုက်တယ်၊ ဆိုင်ရောက်တော့ သူရကနှင်းဆီကိုမမြင်ပေမဲ့ လှမေကလှမ်းမြင်လိုက်တယ်
"သူရ ဟိုမှာနင့်မိန်းမ မလား"
"ဘယ်မှာလဲ"
"ဟိုမှာလေ၊ ဒါနဲ့သူ့နဲ့တူတူထိုင်စားနေတာဘယ်သူလဲ"
သူရဘာမှမပြောပဲ ဒီတိုင်းကြည့်နေလိုက်တယ်၊ ဒေါသထွက်နေတာကတော့ မျက်နှာမှာအထင်းသားမြင်နေရတယ်၊ ဒါပေမဲ့ public မှာဆိုတော့ စိတ်ကိုမနည်းထိန်းထားရတယ်
နှင်းဆီကလည်း စားပြီးသွားတာနဲ့ စကားတောင်သိပ်မပြောတော့ပဲ ပြန်ဖို့လုပ်တော့တယ်
"ရှင်တို့နဲ့အတူ လုပ်ငန်းတူတူလုပ်ရတာဝမ်းသာပါတယ်"
"ကျနော်တို့ကပိုပြီးတောင်ဝမ်းသာပါသေးတယ်"
"ညစာလိုက်ကျွေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်၊ စိတ်မရှိရင် ကျမခုပြန်လိုက်လို့ရမလား"
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"