သူရလည်း နှင်းဆီရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်ပြီး ၂ယောက်သား အိပ်သွားကြသည်။
────────♡♡♡♡─────────
အဲ့လိုနဲ့ နောက်နေ့ကျ သူရက နှင်းဆီရဲ့ company ကိုနှင်းဆီပန်းစည်းကြီးနဲ့ ရုတ်တရက်ရောက်ချလာသည်။
"ဘယ်ကနေဘယ်လိုလမ်းကြုံလို့မပြောမဆိုနဲ့ရောက်လာတာတုန်း"
"ကိုယ့် company ကနေဒီကိုပဲတန်းလာတာ၊ ဘာဖြစ်လို့လဲ၊ ကိုယ့်ကိုမလာစေချင်ဘူးလား"
"အဲ့လိုမဟုတ်ပါဘူး မလာစဖူးလာတော့ ထူးဆန်းလို့"
"ကိုယ့်မိန်းမကို လွမ်းလို့လာတာလေ"
သူရက မျက်နှာလေးဆူပုတ်ကာ နှင်းဆီကိုဖက်ထားရင်းပြောလိုက်သည်။
"အင်းပါ ကလေးလေးကျနေတာပဲ မဆူပုတ်နဲ့တော့နော်"
"အဲ့တာဆို အာဘွားပေး"
"ကိုကလည်း ရုံးခန်းထဲမှာကို"
"ရုံးခန်းလည်း ကိုယ်တို့၂ယောက်ပဲရှိတာလေ"
"အိမ်ပြန်ရောက်မှ ပေးမယ်"
"မရဘူး ခုပေး မဟုတ်ရင်ဒီမှာပဲ ဒီလိုဖက်ထားမှာနော်"
နှင်းဆီလည်း ပါးကိုပဲ အာဘွားပေးလိုက်သည်။
"ရပြီလား ခုသွားတော့ ဟွန့်"
"တကယ်တော့ ကိုယ်မင်းအတွက်သတင်းကောင်းတစ်ခုရှိတယ်၊ ဒါပေမဲ့မင်းကကိုယ့်ကိုနှင်ထုတ်နေတော့ မပြောတော့ပါဘူး"
"ဟာ မသွားခင်ပြောသွားလေ ကိုကလည်း"
"အဲ့တာဆို နောက်တစ်ဖက်ကိုပါအာဘွားပေး"
"မပေးဘူး မသိချင်တော့ဘူး သွားတော့"
နှင်းဆီလည်း sofa ပေါ်မှာတွေတဲ့ cushion တစ်လုံးယူပြီး သူရကိုပစ်ပေါက်လိုက်သည်။
"ကဲပါ ကိုယ်ပဲအလျော့ပေးပြီး ပြောပြလိုက်ပါမယ်"
"ဟွန့်.."
"ဟို၅ကောင်ကိစ္စ ရှင်းပြီးသွားပြီ"
"တကယ်လား"
"အင်း ရှင်းစရာ လှမေမောင်ပဲကျန်တော့တယ်"
"နောက်ဆုံးတော့ ကျမညီမလေးအတွက် တရားမျှတမှုရတော့မယ်"
YOU ARE READING
ဆူးနှင်းဆီ
Romance"ဒီခေတ်မှာ မိန်းကလေး တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ချစ်ဖို့ဆိုတာ အင်မတန်မှရှားပါးသွားပြီ"