1

3.7K 105 1
                                    

Unicode

စံ မင်္ဂလာဂါဝန်ကိုချွတ်ပြီး ရေချိုးသန့်ရှင်းလိုက်သည်။ကိုကြီးက သူ့တပည့်တွေနဲ့ တစ်ဝိုင်းချနေလောက်ပြီ။သူ မလာခင်လေးအမြန်လုပ်ရမည်။တစ်ခါတုန်းက ကိုကြီးကိုဝတ်ပြမယ်ဆိုပြီး သူဗန်းမော်သွားတော့ မတွေ့လိုက်ရတဲ့ဆက်စီ(sexy)ဝတ်စုံလေးကို ရွေးချယ်ဝတ်လိုက်၏။

မှန်တင်ခုံရှေ့ထိုင်ပြီး လိုးရှင်းကိုတစ်ကိုယ်လုံးအနှံ့ သေချာပွတ်လိမ်းနေသည်။သိပ်မကြာခင် အသက်တမျှချစ်ရတဲ့ကိုကြီးနဲ့ အချစ်တလင်းခင်းရတော့မှာမို့ ရင်တွေတောင်ခုန်လာပြီ။
မင်္ဂလာဦးနေ့မဟုတ်လား....

*ဒေါက်....ဒေါက်.....

"မိန်း....မ.....ရေ...."

*ဟယ်...ကိုကြီးလာပြီ....

စံတံခါးဖွင့်လိုက်တော့ ကိုကြီးခန္ဓာကိုယ်က စံ့အပေါ်ပြိုကျလာသည်။

"ကိုကြီး....ကိုကြီး...."

"ဟင်းးးးဘာလဲ...."

"စံ့ကိုကြည့်ဦး...အမလေး...မွှန်ထူနေတာပဲ...မသောက်ဖူးဘဲနဲ့ နင်းကန်သောက်လာပြန်ပြီ....စံ့ကိုကြည့်ဦး..."

"ဒီမှာ ကြည့် နေ တယ် လေ ကွာ...."

"လူက ဒီမှာလေကိုကြီးရဲ့..."

ကိုကြီးက ကြည့်တော့ကြည့်နေတာပဲ။ဒါပေမဲ့ စံ့ဘက်ကိုမဟုတ်....တံခါးဘက်ကိုကြည့်နေတာဖြစ်သည်။

"ကိုယ့် မိန်း မ ဘယ် မှာ လဲ....."

"ဒီမှာ ဒီမှာ...."

အာလေးလျှာလေးနဲ့ပြောနေပြီး လက်ညိုးတယမ်းယမ်းနဲ့သူ့လက်ကို စံ့ဘက်ဆွဲတည့်ရပြန်သည်။

"စိတ်ညစ်လိုက်တာနော်....မင်္ဂလာဦးနေ့ကြီးကို ဒီလောက်ဒေါင်ချာစိုင်းနေမှတော့ စံကဘာသွားလုပ်ရတော့မှာလဲ...."

"စံ က ဘာ လုပ် ချင် လို့ လဲ...."

"ရှင်ကြီးနော်...မနေ့ကပြောတော့မိုးလားကဲလားနဲ့...စံ့ကိုရင်ခုန်အောင်ပြုစားမှာဆို..."

"အိပ် မက် ထဲ ကျမှ ပြု စား‌ တော့ မယ်...အခု အိပ် ချင် နေ ပြီ...."

"ဘာအိပ်မက်ထဲမှာပြုစားမှာလဲ...ကိုကြီးနော်...မညစ်နဲ့လို့...ထကွာ....မအိပ်ရဘူး..."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာWhere stories live. Discover now