အပိုင်း - ၂၂
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
ရဲမာန်သစ် ပုဂံကိုခရီးဆက်ရမည်ဖြစ်၍ နှစ်ယောက်သား နားလည်မှုယူကြပြီး အချစ်သစ်တစ်ယောက်တည်း မုံရွာမှ ကားစီးလာခဲ့သည်။ရန်ကုန်ကို မနက်အစောဆိုက်၏။
အိမ်ရောက်လျှင်ရောက်ချင်း အထုပ်တွေတောင် မဖွင့်နိုင်ပေ။အစ်မဖြစ်သူ ပန်တော်စက်အခန်းဆီသို့ ဦးစွာပြေးတော့သည်။
"မစက်...ဘယ်လိုဖြစ်ကြတာတုံး...သစ်ကို အသေးစိတ်ပြန်ပြောပြဦး..."
"အေး ဖုန်းထဲမှာပြောခဲ့သလိုပဲ...မာန် သိသွားပြီး သောင်းကြမ်းတာပေါ့.....အကျိုးဆက်က အခန်းပြောင်းရတယ်လေ....အခုကိုယ်တော်ချောက တီလေးတို့အိမ်ထဲမှာ..."
ပန်တော်စက် အလုပ်သွားခါနီးဖြစ်၍ ယူနီဖောင်းလဲနေရာမှ သစ်ကိုဖြေလိုက်၏။သစ်က သူမခုတင်ပေါ် ဝမ်းလျားမှောက်ပြီး သူမဆက်ပြောမည့်စကားကို ငံ့လင့်နေသည်။
"ဟိ...ဟိ...နည်းတောင်နည်းသေးတယ်..."
"နည်းသေးတယ်လုပ်မနေနဲ့...ရဲ ပြန်လာရင် သူလည်းပြောင်းရမှာ....ငါတို့ကို နမူနာယူပြီး နင်တို့နှစ်ယောက်ကိုလည်း ခွဲထားမှာပဲ..."
"ဟင့်....သစ်တို့အကြောင်းကို ဖေဖေတို့မှ မသိသေးတဲ့ဟာ..."
"အမလေး ငါ့ညီမရယ်...ဖေလူချောတို့က ငယ်ရာကကြီးလာတာပါအေ...မသိဘဲနေမလား...သိတာပေါ့ဟဲ့...ဒါနဲ့...ရဲက ဘယ်အချိန်မှ ပြန်လာမှာလဲ...."
"ပုဂံခရီးစဉ်ပြီးရင်တော့ ဒီလအတွက် မရှိတော့ဘူးပြောတယ်... တစ်ပတ်လောက်တော့ ကြာဦးမှာ...."
"နင်လည်း အလေလိုက်တာ ရပ်သင့်ပြီထင်တယ်နော် အချစ်သစ်..."
"အင်းပါ အပျိုကြီးကလည်း...အခုဒီမှာ လုပ်ငန်းလေးစရင် ကောင်းမလားလို့တွေးမိပြီး ပြန်လာတာပါ..."
သစ်၏ 'အပျိုကြီး'ဆိုသည့်ခေါ်သံကြောင့် စက်နှာခေါင်းလေးရှုံ့သွား၏။
"ငါ့ကို အပျိုကြီးလို့ မခေါ်စမ်းပါနဲ့ဟာ...အပျိုကြီးဆိုတာ ရည်းစားမရှိ၊ လင်ယူဖို့အစီအစဉ်မရှိတဲ့သူတွေကို ခေါ်တာဟဲ့...ငါက နင့်အစ်ကိုနဲ့ယူမှာ..."
YOU ARE READING
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ