9

2K 85 3
                                    

အပိုင်း -၉

"မစက်...နေဦး မပြေးနဲ့...."

"မစက်..."

သူ မစက်နောက်မှ ဇွတ်ပြေးလိုက်ပြီး သူမလက်ကိုဖမ်းဆွဲတော့မှ ပြေးနေသည့်သူမ ခြေလှမ်းတွေရပ်သွား၏။

"မစက်..."

"ဘာလဲ...တစက်စက်နဲ့ခေါ်နေတာ...ဘာလဲ..."

"ဘာလို့ ပြေးနေတာလဲ..."

"ခုနကကဲ့ရဲ့သွားတာ မကြားဘူးလား..."

"ကြားတယ်လေ...ဘာဂရုစိုက်ရမှာလဲ...သူတို့လည်းကိုယ်မသိ ကိုယ့်လည်းသူမသိနဲ့..."

"ဒါပေမဲ့ ငါရှက်တယ်..."

"ကျွန်တော်နမ်းလိုက်လို့လား...."

သူမက ရှက်တယ်ပြောပြီးခေါင်းငုံ့သွား၍ သူလည်းလိုက်ငုံ့ပြီး တည့်တိုးပဲမေးချသည်။

"မင်းနော်..."

"ကဲပါ...ခဏလောက်ရပ်ပါဦး...ပြောစရာလေးရှိလို့...."

"မှောင်လာတော့မယ်....."

"အင်း...ကျွန်တော်သိတယ်...တက်စီငှားမှာပါ...ခဏလေးပဲ ကျွန်တော့်ကိုကြည့်...."

"မကြည့်ချင်ဘူး...."

စက် ခေါင်းကိုသာတွင်တွင်ငုံ့ထား၏။

မာန်ကလည်း ဆွဲကိုင်ထားသည့်မစက်လက်ကို လွှတ်မပေးပေ။လက်ကောက်ဝတ်လေးကို ကိုင်ထားရာမှ လက်ဖဝါးလေးဆီပြောင်းကိုင်ချိန် သူမက အတင်းတွန့်လိမ်ပြီးရုန်းသည်။

"မာန်နော်...."

"မရုန်းပါနဲ့မစက်ရ...ကျွန်တော့်ကိုကြည့်ပါ...."

စက် မကြည့်ရဲကြည့်ရဲနှင့်သူ့ကိုမော့ကြည့်၏။အရပ်ချင်းက ကွာခြားလွန်း၍ စက်ကမော့ကြည့်ရသလို သူကလည်းငုံ့ကြည့်နေသည်။ချောမွေ့နေသည့်မျက်နှာထားနှင့်စိုစွတ်နေဆဲနှုတ်ခမ်းသားတို့ကိုမြင်ရပြန်တော့ သူမ ရှက်အားပိုရသည်။

"ခုနတုန်းက ကျွန်တော့်ရင်တွေသေလုအောင်ခုန်နေတာ..."

"မာန်နော်...."

"ဟာ ခေါင်းကြီးကငုံ့သွားပြန်ပြီ...ပြန်မော့...."

"ဟင့်အင်း...."

မစက် အရှက်လွန်နေမှန်းသိ၍ သူ့လက်နှင့် သူမမေးဖျားလေးကိုဆွဲပင့်ထားပြီး ခေါင်းမငုံ့အောင်ဖိထားသည်။

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာDonde viven las historias. Descúbrelo ahora