8

1.8K 90 5
                                    

Unicode

အပိုင်း -၈
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ

Author - #ဆာရာမူး

ကားက ဒဂုံတက္ကသိုလ်ရှေ့မှာ ရပ်သွားသည်။သူ့အတန်းက ဒီနေ့နည်းနည်းစောဆင်းသည်မို့ သစ်တို့တက္ကသိုလ်ရှိရာဘက်ကို တခါတည်းမောင်းခဲ့၏။

သူရောက်ပြီဆိုသည့်အကြောင်း မက်ဆေ့ပို့ထားသည်။နာရီဝက်လောက်စောင့်နေတဲ့အထိ သစ်ကထွက်မလာပေ။

*တူ...

*တူ...

ဖုန်းကဝင်နေပြီး ကိုင်မယ့်သူမရှိ၍၊သံရှည်ဆွဲ၍သာ အော်နေသည်။သူ စိတ်တွေတိုလာ၏။

*တကယ်ဆို အတန်းဆင်းချိန်ရောက်ပြီမဟုတ်ဘူးလား...ဖုန်းမကိုင်နိုင်ရအောင် သစ်က ဘာတွေများလုပ်နေလို့ပါလိမ့်....

သူကားပေါ်ကဆင်းပြီး ဖုန်းထပ်ခေါ်ဖို့ ပြင်နေစဉ်မှာ လမ်း၏တခြားဘက်အခြမ်းကားတစ်စီးထဲမှ သစ်ကဆင်းလာသည်။ထိုအချိန်ထိ သူအဆင်ပြေနေသေး၏။ အခြားတံခါးဖက်ကနေ ဖြူဖြူသန့်သန့် လူတစ်ယောက်ဆင်းလာချိန်မှာ သူ့ခေါင်းမွေးတွေ ထောင်သွားသည်။

*အချစ်သစ် ဘယ်ကကောင်နဲ့ ဘယ်ကိုသဝေထိုးပြီး ပြန်လာတာလဲ...

သူ ကားပေါ်က မဆင်းသေးဘဲ ဖုန်းထပ်ခေါ်၏။သစ်က သူ့ဖုန်းကိုကြည့်ပြီး ပိတ်ချပစ်သည်။သူ့ဘက်ကို ဘေးစောင်းထားပြီး သူ့ကားကို မမြင်ရလောက်အောင် မိုးမမြင်လေမမြင်ပျော်နေသည်။ပါးစပ်က နားရွက်ကိုချိတ်ထားမတတ် ရယ်နေ၏။

*တွေ့ကြသေးတာပေါ့ အချစ်သစ်ရာ...

သူ ကားပေါ်ကဆင်းပြီး တလွှားလွှားနဲ့ အချစ်သစ်တို့ရှိရာဆီ လမ်းကူးသွားသည်။

*အယ်...ရဲ ‌က ဒီဘက်လာနေပါ့လား...

သစ် အခုမှ ရဲကို ‌မြင်သွား၏။

"အချစ်သစ် ဘယ်ကပြန်လာတာလဲ...."

"ရုပ်ရှင်သွားကြည့်တာ..."

"ဘာကွ..."

သူ့အော်သံကြောင့် သစ်ကိုယ်လေးတွန့်သွား၏။ပြီးမှ နှုတ်ခမ်းလေးစူပွပွဖြင့်

"ဒီနေ့ ကျူတိုမရှိလို့ တစ်ရက်တလေလေး အပြင်ထွက်တာကို...နင်ကလဲ..."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာWhere stories live. Discover now