Unicode
အပိုင်း -၁၁
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
အိမ်ပြန်ရောက်ရောက်ချင်း စက်မှာ သူကားသွားသိမ်းတာတောင် မစောင့်နိုင်ဘဲ အပေါ်ထပ်ကို အလျင်အမြန်ပြေးတက်ခဲ့သည်။
အခန်းထဲရောက်တာနဲ့ တံခါးကိုသေချာလော့ချ၏။မသေချာမှာစိုး၍ နောက်တစ်ခေါက်ပြန်စစ်လိုက်သေးသည်။မာန့်ကို အရင်လို ဝင်ချင်တိုင်းဝင်ခွင့်ပြုလို့မဖြစ်တော့ပေ။မာန်က ကဲလွန်းသည်။
ခုတင်ပေါ်ထိုင်ချမိချိန် သူမမျက်လုံးတွေက စာကြည့်စားပွဲဆီ ရောက်သွား၏။အမွှာ ၃ ယောက်ငယ်ငယ်က စက်နှင့်အတူတူ ရိုက်ထားသည့်ပုံကို ငေးကြည့်မိသည်။
သူတို့အခန်းတွေထဲမှာလည်း မတူညီတဲ့ပုံစံတွေနဲ့ တစ်ယောက်တစ်ပုံစီရှိကြသည်။စက်အခန်းထဲမှာရှိသည့်ပုံမှာ သစ်နဲ့ရဲက ရန်ဖြစ်နေရာမှ သစ်ကငိုပြီး ရဲကရယ်နေသည်။မာန်ကတော့ ရှုတင်းတင်း မျက်နှာပေးနဲ့ ငယ်ငယ်ကတည်းက လူကြီးပေါက်စပုံစံမျိုး၊စက်လည်း အဲ့ဒီအချိန်တုန်းက ဘောပြားလိုနေတဲ့သူဖြစ်သည်။
ဓာတ်ပုံလေးကိုယူပြီး မာန့်မျက်နှာကို စိုက်ကြည့်လိုက်၏။မာန့်နှုတ်ခမ်းနေရာကို လက်လေးနဲ့ဖွဖွတို့ထိလိုက်ပြန်သည်။
ခုနတုန်းက ကားထဲမှရင်ဖိုစရာအနမ်းတွေကို သတိရသွားပြီး ဓာတ်ပုံကိုကပျာကယာမှောက်ချလိုက်၏။
*စိတ်ထိန်းစမ်း မိစက်....စိတ်ကိုထိန်း...ဟိုကလေးက ပေါက်စလေး...နင်က ခုနှစ်ဆွေးရှစ်ဆွေးဖြစ်နေပြီ...ဟူး...
ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး ပါးကိုတဖတ်ဖတ်နဲ့ရိုက်ပြီးမှ ရေချိုးခန်းထဲဝင်ခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮💮
မာန် အိမ်ပေါ်တက်လာသည်။မစက် အခန်းရှေ့ရောက်တော့ ခိုးကြောင်ခိုးဝှက်နဲ့ ရဲနဲ့သစ်၏အရိပ်အခြည်ကိုကြည့်ပြီး မစက်အခန်းတံခါးကို တွန်းဖွင့်၏။ဖွင့်မရပေ။
သူ့မျက်နှာ မချိုမချဉ်အပြုံးတွေ ဖြတ်ပြေးသွားသည်။
*မစက်တောင် တံခါးလော့ချတတ်နေပြီပဲ...အဟက်...
KAMU SEDANG MEMBACA
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ