အပိုင်း - ၂၁
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
"အေး...အဲဒါပဲ သစ်ရေ...ငါတို့အကြောင်းတော့ သိသွားပြီ..."
"-----"
"အင်း..အင်း...နင်ရော ဘယ်တော့ပြန်လာမှာလဲ..."
"-----------"
"အေးပါ...အေးပါ..."
နေ့လယ်ကကိစ္စကို ညရောက်မှပဲ သစ်ကိုပြောပြဖြစ်သည်။
သစ်နှင့်ဖုန်းပြောနေရာမှ အောက်ထပ်ကဝုန်းဝုန်းဒိုင်းဒိုင်းအသံများကြောင့် ဖုန်းကိုပစ်ချပြီး အလျင်အမြန်ပြေးဆင်းခဲ့၏။
ဧည့်ခန်းထဲမှာ မာန်က ခါးထောက်ပြီး ဝူးဝါးဝူးဝါးနဲ့ အော်နေသည်။
"ကြား မကြားဖူးပါဘူးဗျာ...မတော်ရသေးတဲ့ချွေးမကို စိတ်ပူပြီး သားအရင်းကိုတောင် အိမ်ပေါ်ကနှင်ချရတယ်လို့...."
"အိမ်ပေါ်ကသာ နှင်ချရင် မင်းဒီလို ရိက္ခာအပြည့်အစုံနဲ့တောင် သွားရမှာမဟုတ်ဘူး...အဲဒီမှာယူသွား...မင်းအထုပ်တွေ..."
ဖေလူချောက သူ့ရှေ့မှာရှိနေသည့် မာန့်ခရီးဆောင်အိတ်ကြီး ၂ လုံးကို မေးငေါ့ပြသည်။
"အဲဒါမေမေတို့ စတဲ့ဇာတ်လမ်းလေ...
ဘာဖြစ်လို့ သားကောင်မလေးကို ဟိုအင်ဂျင်နီယာ အိုကြီးအိုမနဲ့ စပ်ဟပ်ပေးလဲ....""သင့်တော်မယ်ထင်မိလို့ပေါ့ သားရယ်...."
"မေမေတို့ တကယ်ပဲ ကိုယ့်သားတစ်ယောက်လုံးရှိတာကို ချော်တောငေါ့ပြီးများတွေးရတယ်လို့...ယှဉ်ကြည့်ပါဦး... မေမေ့သား ချောပုံခန့်ပုံနဲ့ ဟိုအဘိုးကြီးနဲ့များ..."
"ဟေ့ကောင်...မင်းမသွားသေးဘဲ ဘာ လေကြောရှည်နေတာလဲ..."
"မေးစရာရှိတာတော့ မေးရဦးမှာပဲ... သားက ဘယ်အချိန်မှ အိမ်ပေါ်ပြန်လာနေရမှာလဲ..."
"ဒါကတော့ ငါ့စိတ်အပေါ်မူတည်တယ်...မင်းကျောင်းပြီးလို့ လုပ်ငန်းခွင်ရောက်တဲ့အခါ မင်းရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ငါ့သမီးနဲ့ပေးစားမယ်..."
"ဟာ ကျောင်းပြီးဖို့ဆို ၁ နှစ်တောင်
လိုသေးတယ်လေ ဖေဖေ....အဲဒီအချိန်ကျ မစက်က အဖွားကြီးဖြစ်နေလောက်ပြီ..."
YOU ARE READING
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ