5

2.1K 89 3
                                    

အပိုင်း - ၅

အခန်းပြန်ရောက်သည်အထိ စက်ရင်တုန်မပြယ်သေးပေ။မာန်မွေးကတည်းက ‌အန်တီစံ မာန်ကိုချေးသေးလဲပေးချိန်တိုင်း စက်ကဝင်ပါတတ်သူမို့ မာန်ကကိုယ့်အတွက် မောင်လေးတစ်ယောက်ထက်မပိုပါ။ဒါပေမဲ့ သူကဘာစကားတွေလာပြောနေမှန်းမသိ။စက်ရင်ထဲရှက်အားပိုနေသည်။စက်အသက် ၂၈ နှစ်ရှိပြီ။ရည်းစားထားဖို့ဝေး၍ မိန်းကလေးပီပီသသနေခဲ့သည်တောင် သိပ်မကြာသေးပေ။

အချစ်ဆိုတာ စက်အတွက် ဂိမ်းဆော့ရတာလောက် ရင်ခုန်စိတ်လှုပ်ရှားစရာမကောင်းဟု ခံယူထားသည်။ယခုတော့ ငယ်စဉ်ကတည်းက ချီပိုးခဲ့ရသည့်ကောင်းဆိုးလေးနှင့်မှ စက်က...

*ဟားးမသိတော့ဘူးကွာ...အိပ်တာပဲကောင်းတယ်...

စက် ခေါင်းကိုတဗြင်းဗြင်းကုတ်ပြီး အိပ်ရာပေါ်ပစ်လှဲချ၏။မတ္တရာမှ မန္တလေး...မန္တလေးမှ ရန်ကုန် ခရီးအရှည်ကြီးနှင်လာသည့်ဒဏ်ကြောင့် သူမ ခဏချင်းပဲအိပ်ပျော်သွားပါသည်။

💮💮💮💮💮💮💮💮💮💮💮💮

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှေ့ရောက်ချိန်မှာ တစ်လမ်းလုံးတင်းလာသမျှ သူမစိတ်တွေအကုန်ပျောက်သွားသည်။ယခုရက်ပိုင်း ရဲ သူမကိုကျောင်းလိုက်ပို့ဖို့ အမြဲရှောင်ဖယ်ဖယ်လုပ်နေသည့်။ထို့ကြောင့် ရဲကိုသံသယဝင်လာ၍ လာချောင်းခြင်းပင်....

တစ်ယောက်တည်းလည်း မလာရဲသည့်အတွက် ဧကရီ့ကိုအဖော်ခေါ်ခဲ့ရသည်။

"ကျောင်းရှေ့တော့ ရောက်လာပြီသစ်ရေ...နင့်အမွှာကိုဖုန်းဆက်တော့လေ...."

"မဆက်ချင်ဘူး..."

"ဟဲ့ မဆက်ဘဲနဲ့ ငါတို့ကသူ့ကို ဘယ်လိုလုပ်ရှာတွေ့မှာလဲ သစ်ရဲ့....."

"ကျောင်းထဲပတ်ရှာမှာပေါ့..."

"နင်လားရှာရဲမှာ...ကျောင်းဖွင့်တာတောင် တစ်ဝက်ကျိုးတော့မယ်...အခုချိန်ထိ ကိုယ့်ကျောင်းထဲတောင်နှံ့အောင်မရောက်ဖူးတဲ့သူကများ....သူများကျောင်းထဲ ရှာဖို့စဉ်းစားနေသေး...."

ဧကရီက မဲ့ကာရွဲ့ကာဆို၏။နေ့လယ်စာတစ်ဝိုင်းကြေးကတိကြောင့် ကိုယ့်classကိုဖျက်ပြီး သူများနောက်လိုက်ခဲ့သည်။လိုက်ရကျိုးတော့ နပ်မှဖြစ်မည်လေ။

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာDonde viven las historias. Descúbrelo ahora