Unicode
အပိုင်း -၁၀
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
အချိန်ကား ည ၉ နာရီ....
*ရှူးးးးးးးရှူးးးးး
ဂျယ်နဲ့ဖျန်းပြီး သေချာပုံသွင်းထားတဲ့ဆံပင်ကို လက်နဲ့တစ်ချက်နှစ်ချက်သပ်လိုက်သည်။
ထို့နောက် စားပွဲပေါ် အရန်သင့်တင်ထားသည့်နာရီကို ပတ်ပြီးချိန်မှာ သူ့ရဲ့ရှိုးထုတ်မှုအားလုံးပြီးသွားပြီ။
အခန်းအပြင်မထွက်ခင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲတစ်ချက်ပြန်ကြည့်လိုက်သေး၏။ပြီးမှ ရေမွှေးယူပြီး ရင်ဘတ်နားတစ်ဝိုက် မွှေးတယ်ဆိုရုံတို့လိုက်သည်။
*ဒါမှ ဖက်တဲ့အခါ အနံ့သင်းသင်းလေးရမှာ...
တစ်ယောက်တည်းတွေးပြီး ရယ်မိရပြန်သည်။
အချစ်သစ် အခန်းရှေ့ကဖြတ်မိတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် သူမကလည်း အခန်းထဲကထွက်လာသည်။
"ဟွန်းး မွှန်ထူနေတာပဲ...မစက်ကိုသွားကြိုတာလား...စော်နဲ့သွားတွေ့မှာလား မသဲကွဲဘူး..."
"အေးဆေးနေစမ်းပါ...နားငြီးတယ်..."
"သစ်ရာ...စော်သွားတွေ့မှာနဲ့ မစက်ကို သွားကြိုမှာ အတူတူပဲလေဟာ..."
"ဟင် ဘယ်လိုတူတာလဲ...သူက မစက်သွားကြိုမှာကို ဘယ်ကစော်ပါလာတာလဲ..."
ဝရန်တာမှာထိုင်နေတဲ့ ရဲက သစ်ကိုလှမ်းအော်ပြောတော့ သူ မျက်လုံးပြူးသွား၏။သစ်ကလည်း ရဲ စကားကို နားမလည်ဘဲ ပြန်မေးနေသည်။
*အချစ်သစ်က မောင်းကွဲမ....သူသိသွားလျှင် တအိမ်လုံးသိသွားမည်။
*ဖေဖေတို့သိကုန်မှဖြင့် သူ့စားပေါက်ပိတ်ရချေရဲ့..
"ငရဲ...မင်းအပေါက်ကို ငါ ဘာနဲ့ဆို့ပေးရမလဲ..."
"တစ်လစာ ဓာတ်ဆီဖိုးလောက်ဆို တော်ပါပြီ..."
"ဟေ့ကောင် မင်း..."
ရဲကတော့ လူလည်လုပ်ပြီ။မတန်မဆပိတ်ဈေးကို တောင်းနေသည်။
"ဟဲ့...ငါ့လည်း ပြောကြပါဦး...ဘာဖြစ်နေတာလဲ..."
YOU ARE READING
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ