15

2.8K 103 2
                                    

အပိုင်း - ၁၅

"သစ်ရေ....နင်ဘာလုပ်....ဟာ....နင်...နင်တို့ဒါကဘယ်လိုကြီးလဲ.....ဘာလို့ပူးနေကြတာလဲ...."

အားမာန်သစ်တစ်ယောက် လေလေးတချွန်ချွန်ဖြင့် ညီမအခန်းထဲရောက်လာချိန်မှာ မြင်လိုက်ရသည့်မြင်ကွင်းက သူ့ကိုဖင်ကျိန်းသွားစေသည်။

ရဲလည်း  သစ်ကိုပွေ့ထားချိန် မာန့်ကိုမြင်လိုက်ရ၍ ကြောက်အားလန့်အားဖြင့် သစ်ကိုပစ်ချလိုက်၏။သစ် ခုတင်အောက်ငုတ်တုတ်လေးပြုတ်ကျပြီး မြီးညှောင့်ရိုးနာသွားသည်။

“နင်တို့တွေ…ဟားးးး ငရဲ…မင်း…မင်း…ငါ့ညီမကို....မင်းကွာ….”

အားမာန်သစ် ဆံပင်တွေပွတ်လိုက် မျက်နှာကိုလက်ဝါးနှင့်အုပ်လိုက်ဖြင့် ဒီအခြေအနေကြီးကို လက်မခံနိုင်ရှိနေသည်။

“သားကြီး…ငါတောင်းပန်ပါတယ်ကွာ…ငါ…ငါတို့ဘာမှမလုပ်ရသေးပါဘူး….”

“ဘာကွ…မင်းကလုပ်ချင်သေးတာလား…သစ်ကလည်းမင်းညီမပဲလေ….”

“မင်းကလည်း…တကယ်မှမတော်ဘဲကွာ….”

“မင်း….”

မာန်ဒေါသဖြစ်ဖြစ်နှင့် ရဲအင်္ကျီရင်ဘတ်ကိုဆွဲဆုပ်ပြီး လက်သီးနှင့်ရွယ်လိုက်သည်။

“မာန် ဖယ်စမ်း…နင့်လက်ကိုငါ့ကောင်လေးရဲ့အင်္ကျီပေါ်ကနေ အခုချက်ချင်းဖယ်လိုက်စမ်း….”

“ဘာ….”

“ပြောနေတာမကြားဘူးလား…”

အချစ်သစ် မာန့်လက်ကိုတွန်းဖယ်ပြီးမျက်နှာထားတင်းတင်းနှင့်ဆိုလိုက်၏။

“ငါ့ကောင်လေး ဟုတ်လား….”

“နင်က ထပ်ကြားချင်သေးလို့လား….”

“နင်ရူးသွားပြီလား အချစ်သစ်…ဒီကောင်က နင်နဲ့နှပ်ချေးတွဲလောင်းကတည်းက ပေါင်းလာတဲ့ကောင်လေ… ဒါကြီးကိုများ နင်က….”

မာန် သစ်ကိုလက်ညှိုးတထိုးထိုးဖြင့်
မယုံနိုင်စွာပြောလိုက်သည်။သူ့စိတ်ထဲမှာ ဒီအဖြစ်အပျက်ကိုလက်မခံနိုင်သေးပေ။ငရဲလို ရူးပေါပေါကောင်လက်ထဲ သူ့ညီမပေးလိုက်ရမှာကိုနှမြောမိ၏။

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာOnde histórias criam vida. Descubra agora