4

2.2K 89 1
                                    

အပိုင်း -၄

အားမာန်သစ် အခန်းထဲမှာကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသည်။သူအကျင့်က ကျောင်းစာလုပ်ပြီးသည်နှင့်ကွန်ပျူတာတန်းကိုင်ပြီး လေ့ကျင့်တော့သည်။

"ဖယ်စမ်းပါ မစ်ကီရာ...ငါဒီမှာအလုပ်လုပ်နေတယ်...မအားသေးဘူး...

သူမွေး‌ထားသည့်ကြောင်လေးမစ်ကီက သူ့ပေါင်ပေါ် အတင်းတက်ချင်နေ၍ မောင်းထုတ်ရပြန်သည်။

*ဒေါက်...ဒေါက်....

"သားရေ မေမေပါ..."

"ဟုတ်မေမေ..တံခါးစေ့ထားတယ်..."

မေမေက ကော်ဖီခွက်ကိုင်ပြီး အခန်းထဲဝင်လာသည်။

"အလုပ်ရှုပ်နေလား..သား..."

"မရှုပ်ဘူးမေမေ...မေ့မှာစိုးလို့ပြန်လေ့ကျင့်နေတာ..."

"မင်းအစ်မ မစက် အိမ်ပြန်လာပြီတဲ့...
အဲဒါ မနက်ဖြန်မနက်အစော ကားဆိုက်မှာ....အောင်မင်္ဂလာကားကွင်း သွားကြိုပေးဦး...."

သူ့မျက်နှာ ရှုံ့မဲ့သွား၏။အိမ်၏အော့ကြောလန်ပြန်လာပြီမှန်း သူ ညကတည်းကသိသည်။

"မေမေကလည်း...သားမှအစောကြီးမထချင်တာ...မန္တလေးကားတွေက အစောကြီးဝင်ကဝင်နဲ့...ဖေဖေ့တပည့်တွေထဲက တစ်ယောက်ယောက်လွှတ်လိုက်...."

"သားကလည်းကွယ်...စက်က မိန်းကလေးလေ...မေမေက စက်ကိုသူစိမ်းနဲ့ဘယ်လိုလုပ်စိတ်ချမှာတုံး..."

"ရဲ ကိုလွှတ်လိုက်မေမေရာ...."

"ဟဲ့ ရဲနေမကောင်းလို့ ဆေး
ထိုးနေရတာ မင်းလည်းသိသားနဲ့...."

နောက်ဆုံးမှာ သူ မသွားလို့ကိုမရတော့ပေ။

"ဟင်းးးပြီးရော...ပြီးရော...သားကိုလာတော့နှိုးဦး...."

"အေး..အေး...မေမေ မနက်ကျလာနှိုးမယ်...."

မေမေက သူ့ဆီမှ'ကြိုမယ်'ဆိုသည့်စကားရမှပဲ အပြင်ပြန်ထွက်သွားသည်။သူလည်း အညောင်းအညာပြေ အိပ်ရာပေါ်‌ပစ်လဲချရင်း မစ်ကီကိုပွေ့ထား၏။

"မစ်ကီရေ မင်းတော့ကံဆိုးပြီ...လုံအောင်သာ ပုန်းပေတော့...ဘီလူးမကြီး ပြန်လာပြီတဲ့ဟ..."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာDonde viven las historias. Descúbrelo ahora