14

1.9K 88 2
                                    

အပိုင်း - ၁၄
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ

Author - #ဆာရာမူး

ပုံမှန်နေ့စဉ်ဝတ္တရားအတိုင်း ဝင်လာသမျှဧည့်သည်တွေကို ခရီးဦးကြိုပြုရသည်။ပြန်သမျှဧည့်သည်တွေကိုလည်း ပြုံးပြုံးလေးနှုတ်ဆက်ရသည်။

၂၄ နာရီတစ်ရက်မှာ စက်၏တစ်နေ့တာအလုပ်ချိန် ၈ နာရီအတွင်း တတောက်တောက်နဲ့ မနားရအောင်လုပ်ရသည်။ဖေလူချောရဲ့ မွေးစားသမီးမို့ဆိုပြီးလည်း မျက်နှာသာအပေးမခံရပေ။ရာထူးတူဝန်ထမ်းများနဲ့ တန်းတူလုပ်ရပါသည်။

"မမစက် သူဌေးက သူ့ရုံးခန်းထဲလာခဲ့ပါတဲ့...."

"ဟုတ်...ဟုတ်ညီမလေး...မမသွားလိုက်မယ်နော်.."

စက်နောက်မှအလုပ်ဝင်တဲ့ ဂျူနီယာညီမလေးမှ သတင်းစကားသယ်လာတော့ သူမ ဘိုးဘိုးကြီးရုံးခန်းဆီ တက်လာခဲ့သည်။

စက်တို့ဟိုတယ်မှာ သုံးထပ်ဖြစ်ပြီး အပေါ်ဆုံးအထပ်တွင် ဘိုးဘိုးကြီး၏ရုံးခန်းရှိသည်။ဓာတ်လှေကားကို အစားအသောက်ပို့ဝန်ထမ်းများမှလွဲ၍ ကျန်ဝန်ထမ်းများ သုံးခွင့်မရှိပေ။

ထိုကြောင့် တစ်နေ့‌တစ်နေ့ သုံးထပ်မြင့်ဟိုတယ်တွင် လှေကားကိုအသုံးပြုပြီး အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့် အကြိမ်ပေါင်းများစွာ လုပ်ရသည့်အတွက် ရှိတဲ့ဝိတ်တွေလည်း ကျကုန်ပြီ။

"လစာကောင်း၊အလုပ်ကောင်းဆို  အဲလိုမျိုးပါပဲဟာ....အမျိုးတွေကိုပဲ ဦးစားပေးပြီး ခန့်ကြတာ...."

"ဟုတ်ပ....ဘာမှမတတ်ဘဲ လုပ်ငန်းခွင်ထဲရောက်...နောက်ခံနဲ့ရာထူးတွေ ခုန်ပျံကျော်လွှားတက်...ငါတို့က ကျန်ခဲ့ရော...."

သူမ လှေကားမှတက်လာချိန် မိန်းကလေးနှစ်ယောက်၏ အတင်းပြောသံကို ကြားရသည်။အသံကြားတာနဲ့ ဘယ်သူတွေလဲဆိုတာတန်းသိတော့ ရှေ့ပဲဆက်သွားရမှာလိုလို နောက်ပဲပြန်ဆင်းရမှာလိုလိုနဲ့ ယောက်ယက်ခတ်သွား၏။

"ငါဆိုလိုချင်တဲ့သူကို နင်က သိလို့လား...."

"သိသားပဲ...ဟို အသက်ကြီးပုဘွားတော်ကြီး ပန်တော်စက်ကို ပြောတာမှတ်လား...."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာWhere stories live. Discover now