19

2.7K 89 3
                                    

အပိုင်း - ၁၉

နေ့ကိုလစား လကိုနှစ်စား၍ တစ်နှစ်
ဆိုသည့်အချိန်က ကုန်ဆုံးသွားပြန်သည်။

ပန်တော်စက် မန္တလေးဟိုတယ်ကိုပြန်ရောက်လာခဲ့သည်။တ‌စ်နေကုန် မတ်တတ်ရပ်ရသည့်ဧည့်ကြိုဝန်ထမ်းဘဝမှတစ်ဆင့် ရီဆက်ရှင်ကိုရောက်ခဲ့ပြီ။ဘယ်သူတွေဘာပြောပြော အဖေဆုံးမထားသည့်အတိုင်း ကိုယ်ကြိုးစားစရာရှိတာကိုသာ တစိုက်မတ်မတ် လုပ်ခဲ့၏။

ရဲမာန်သစ်က YUFL မှာ အင်္ဂလိပ်စာမေဂျာနှင့်ဘွဲ့ရခဲ့ပြီး ဘိုးဘိုးကြီး၏ဟိုတယ်မှာ တိုးဂိုက်ပြန်လုပ်သည်။အချစ်သစ်ကလည်း သူမဝါသနာနှင့်သူမ ဓာတ်ပုံရိုက်ခြင်းအနုပညာဖြင့်အသက်မွေးသည်။ဖေလူချောက သစ်အတွက် ကိုယ်ပိုင်စတူဒီယိုထောင်ပေးမည်ဟုဆိုထားသည်။သို့သော် ယခုလောလောဆယ်မှာ အချစ်သစ်တစ်ယောက် ရဲမာန်သစ်ခရီးထွက်လေရာနောက် တကောက်ကောက်လိုက်ရှုပ်နေသည်။

အမွှာတို့၏ဘဝက ပြီးပြည့်စုံသည်ဟုဆိုရမည်။ပြည့်စုံကုံလုံသည့်အသိုင်းအဝိုင်းမှာမွေးဖွားလာသူများဖြစ်၍ သူတို့ဘဝတွက် ပိုက်ဆံမရှိဘူးဆိုသည့်စကားမကြားခဲ့ရ။တက္ကသိုလ်ကျောင်းသားဘဝ၏အရသာကို အပြည့်အဝခံစားရသလို ဝါသနာနှင့်အလုပ်ကိုလည်း အပူအပင်မရှိရွေးချယ်ခွင့်ရခဲ့ကြသည်။အစစအရာရာ ရေကန်အသင့်ကြာအသင့်ဖြစ်ခဲ့၏။

လူဆိုတာ သူ့ကုသိုလ်နှင့်သူလာတယ်ဆိုသည့်စကားကသိပ်မှန်၏။သူမလည်း တောသူမဘဝမှသည်ရန်ကုန်မှာသူဌေးသမီးဖြစ်ခဲ့ရသေးသည်။ပန်တော်စက် မှန်ထဲမှာပေါ်နေသည့် ကိုယ့်ပုံစံကိုယ်ပြန်ကြည့်ပြီး ကျေနပ်သွား၏။စက်က လူကိုနေရထိုင်ရကျဉ်းကျပ်စေသည့် မြန်မာဝတ်စုံမျိုးကိုမကြိုက်ပေ။ဒါပေမဲ့ ဒီနေ့ တီစံကိုယ်တိုင်က သူမကို 'ဒါလေးဝတ်ပါ..ဟုဆိုလာသည်။အိမ်ကိုအရေးကြီးသည့်ဧည့်သည်များလာမည်။သူမကိုယ်တိုင်
ခရီးဦးကြိုပြုရမည်ဟု ဖေလူချောကမှာထားသည်။

"စက်ကလေး ပြင်လို့ဆင်လို့ပြီးပြီလား...."

အတွေးရေယာဉ်ကြောမှာမျောနေစဉ် အခန်းအပြင်မှ အန်တီစံ့အသံကြားရ၏။

"ပြီးပြီ အန်တီစံ..."

"တီစံ ဝင်ခဲ့မယ်နော်...."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာМесто, где живут истории. Откройте их для себя