12

1.9K 85 2
                                    

အပိုင်း -၁၂
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ

Author - #ဆာရာမူး

မစက်ကို သတိလက်လွတ်ငေးနေတုန်းမှာ သူငယ်ချင်းက မေးလာပြန်သည်။

“မင်းရဲ့ ဘင်္ဂလားအစ်မဆိုတော့ အသက်ဘယ်လောက်ကွာတုံး…”

“၁၀ နှစ်…”

“ဘာ…”

“ဟေ…”

ယောက်ျားလေးဝိုင်းဆီမှ အော်သံအကျယ်ကြီးတွေထွက်လာ‌တော့ စက်တ
စ်ယောက် မဆံ့မပြဲစားသောက်နေရာမှ မျက်လုံးကြီးပြူးလာသည်။

*ဟိုကောင် မာန်…ငါ့အတင်းတွေ ပြောနေတာလားမသိဘူး…သူတို့တွေက ငါ့ကိုပဲ ကြည့်နေကြတာ…

စက် ထိုင်နေရတာ စိတ်မလုံတော့ပေ။ ဘဲကင်ကိုင်ပြီး ထ ထွက်လာခဲ့သည်။

“ဟေ့ကောင်…တ…တကယ်ကြီး ဆယ်နှစ် ကွာတာပေါ့…အဲ့ဒါဆို ခုနဘွားတော်ကြီးက အသက် ၃၀ တောင်ရှိပြီပေါ့….”

“ပြန်ပြင်စမ်း…မင်းစကားကို ပြန်ပြင်လိုက်စမ်း…ဘာ ဘွားတော်လဲ…”

“မဟုတ်လို့လား…အသက် ၃၀ ဆိုမှတော့ ဟိုင်းနေပြီပဲ...ဘွားတော်ပေါ့..."

"မင်းတို့လို စောင် FA ကောင်တွေက ဘယ်သိမှာလဲ...အဲဒီလို မမ မျိုးကို အရိုင်းလေးလို့ ခေါ်ရတယ်..."

"မအေပေး...သူ့ဘွားတော်ကို ရိုး(role)မြင့်တာတောင်မှ ငါတို့ကို ကပ်နှိမ်လိုက်သေးတာ..."

ယောက်ျားလေးဝိုင်းဆိုတော့လည်း သူ့ထက်ငါ ဆဲသံဆိုသံတညံညံနဲ့ ပွဲကျနေကြသည်။

💮💮💮💮💮💮💮💮💮💮💮💮

သစ်အခန်းထဲမှအထွက် ရဲကလည်း သူ့အခန်းထဲမှ ထွက်လာသည်။ရဲကိုကြည့်မိချိန်မှာ ရှင်းသန့်ချောမွေ့မှုက မျက်လုံးထဲတန်းဝင်လာ၏။

ဆံပင်ခွေကောက်ကောက်ကို အကုန်လုံးနောက်လှန်ဖြီးထားပြီး မဟာနဖူးပြင်နဲ့ နှာတံတွေက ပိုထင်းနေသည်။နက်ခ်တိုင်မပါတာကလွဲလျှင် ဝတ်စုံပြည့်ဝတ်ထားတော့ ပိုလို့တောင် ခန့်ညားနေ၏။သစ်ကိုမြင်တော့ သူကမေးဆတ်ပြသည်။

"သစ် နင့်ရဲ့ဒေါက်တာ ရောက်ပြီလား..."

"သူ မလာဘူး..."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာOù les histoires vivent. Découvrez maintenant