23 (End)

4.5K 114 8
                                    

Unicode
(ဇာတ်သိမ်းပိုင်း)

"မ ရေ...မောင်ပြီးပြီ...."

မောင်က ခါးမှာတဘက်တစ်ထည်ပတ်ပြီး ခေါင်းမှရေများကို လက်ဖြင့်သပ်ခါလျက်ထွက်လာသည်။

မောင့်အပေါ်ပိုင်းဗလာကျင်းပုံစံကို သူမ ရံဖန်ရံခါတွေ့မြင်တတ်ပေမဲ့ ဘယ်တုံးကမှ တည့်တိုးမကြည့်ရဲခဲ့ပေ။အခုလည်း မျက်လုံးအကြည့်တွေကို တစ်ဖက်သို့ လွှဲထားရသည်။

"မ မှာ အင်္ကျီမပါဘူး....ဒါကြီး ပြန်ဝတ်ရမှာလား...."

"ဝတ်မနေနဲ့...ပြီးရင်လည်း ချွတ်ရမှာပဲကို...."

"မောင့်...."

မာန့်စကားကြောင့် သူမ ရေချိုးသွားရမှာတောင် လန့်သွား၏။ဒါပေမဲ့ အချစ်သစ်နည်းလမ်းကို သုံးမည်ဖြစ်၍ သိပ်တော့ စိတ်မပူမိပေ။

"စ တာ....စ တာ....မောင့်ရှပ်အင်္ကျီဝတ်ထားလေ...မနက်မှ အဝတ်အစားဝယ်ပေးမယ်...."

"အွန်းးးးး"

💮💮💮💮💮💮💮💮💮💮💮💮

သူမရေချိုးပြီး ပြန်ထွက်လာချိန်မှာ မောင်က ခုတင်ပေါ်မှာ ခြေထောက်ဆင်းထိုင်ပြီး ဖုန်းကြည့်နေသည်။

မစက် ရေချိုးခန်းမှထွက်လာသည်ကို သူငေးကြည့်မိ၏။သူ့ရှပ်အင်္ကျီက မစက်ပေါင်လယ်လောက်သာရှိပြီး သူ့မမက အရိုင်းဆန်စွာ လှပနေသည်။

"မ က မောင့်အင်္ကျီနဲ့လှတယ်...."

"မလှပါဘူး...ဒီလောက်တိုနန့်နန့်လေးကို...."

"တိုတော့ ကောင်းတာပေါ့ကွ...."

"ဟွန့်...မောင့်အကြောင်း မသိရင်ခက်မယ်..."

"မ က သိတယ်ပေါ့...ဆိုစမ်းပါဦး...ဘယ်လောက်များသိလဲ..."

"မောင်နော်...လာ စ မနေနဲ့..."

မစက်မှာ သူ့အနားလည်း မလာရဲဘဲ အဝေးမှသာ နှုတ်ခမ်းလေးတထော်ထော်ဖြင့် ရန်စွာနေသည်။

"မောင့်နားလာလေ...မြွေကိုက်မှာစိုးလို့လား...."

"မလာချင်ဘူး...."

"မလာလို့မရဘူး...ဘာလဲ..မောင်ပွေ့ချီခေါ်မှာကို စောင့်နေတာလား..."

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာحيث تعيش القصص. اكتشف الآن