17

2.6K 91 2
                                    

အပိုင်း - ၁၇

နှစ်ယောက်သား စိတ်ပျက်လက်ပျက်နှင့်အိပ်ရာပေါ်ပစ်လှဲချလိုက်ကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာ မာန် သူ့ဘေးမှာအိပ်နေသည့်ရဲမာန်သစ်၏မျက်နှာကိုအကဲခတ်၏။နှာခေါင်းနားနည်းနည်းတိုးပြီး အသက်ရှူသံကို သေချာနားထောင်ကြည့်သည်။ရဲမာန်သစ် အမှန်အကန်ကို အိပ်မောကျသွားပြီဟုယူဆရလေမှ သူ မွေ့ရာပေါ်မှအသာလေးကြွပြီးဆင်းခဲ့သည်။မာန် အခုချိန်ထိ ညအိပ်ဝတ်စုံမလဲရသေးပေ။ကိုယ့်အကြံနှင့်ကိုယ်မို့ မလဲဘဲတမင်အိပ်ချင်ယောင်ဆောင်နေခဲ့သည်။ထို့နောက် ဖုန်းကိုယူပြီး ခြေဖျားထောက်၍အခန်းထဲမှတိတ်တဆိတ်
ထွက်ခဲ့၏။

မစက် အခန်းရှေ့အရောက်မှာ တံခါးကိုတွန်းဖွင့်ဝင်သည်။တံခါးမှာ အတွင်းမှပိတ်ထားသဖြင့် သူစိတ်လေသွား၏။မစက် အရင်လိုမဟုတ်တော့ပေ။တံခါးကို အမြဲလိုလိုပိတ်ထားတတ်လာသည်။အခန်းမီးမပိတ်သေး၍ သူမ မအိပ်သေးမှန်း သူသိ၏။သူ အသံကိုလျော့နိုင်သမျှလျော့ပြီး တံခါးခေါက်လိုက်သည်။

"မစက် ဘာလုပ်နေတာလဲ...ပြောစရာရှိလို့...တံခါးဖွင့်ဦး..."

အခန်းအပြင်မှမာန့်အသံတိုးတိုးကြောင့် ခရီးဆောင်အိတ်စစ်ဆေး‌နေသည့် သူမလက်တွေတန့်သွား၏။ဖွင့်ပေးရကောင်းနိုး မဖွင့်ပေးရကောင်းနိုးဆုံးဖြတ်ရခက်နေစဉ် သူ့အသံက ထွက်လာပြန်သည်။

"မစက်....ဖေဖေက ‌ဒါပေးခိုင်းလိုက်တာ....တံခါးဖွင့်ဦး....မနက်ဖြန်ယူသွားဖို့တဲ့..."

ဖေလူချောကပေးခိုင်းတာဟုဆိုသဖြင့် သူမ
အိတ်ကိုဇစ်ဆွဲပိတ်ပြီး သိချင်စိတ်ကြောင့်တံခါးဆီလျှောက်လာခဲ့သည်။

"ဘာလဲမာန်...."

တံခါးမှာ လက်တစ်ဖက်ဝင်စာ ဟ သွားသည့်အချိန် မာန် လျင်မြန်သွက်လက်စွာနှင့် တံခါးကိုတွန်းဖွင့်ပြီးအခန်းထဲဝင်လိုက်သည်။

"မာန် ဘာလုပ်တာလဲ..."

"ရှူးတိုးတိုး...."

မစက်ကို အသံတိတ်နေရန်အချက်ပြပြီး တစ်ဆက်တည်း တံခါးကိုပါမမေ့မလျော့လော့ချလိုက်သည်။

ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာNơi câu chuyện tồn tại. Hãy khám phá bây giờ