အပိုင်း - ၂၀
#Normal #Fiction Name -
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာAuthor - #ဆာရာမူး
အားမာန်သစ် သူ့ကားကို ခြံထဲကွေ့ဝင်လာချိန်မှာ သူ မသိသော ကားတစ်စီးက အိမ်ရှေ့ဆင်ဝင်အောက်မှာ ရပ်ထားသည်။အိမ်ထဲမှာ ဧည့်သည်တွေ
ရောက်နေပုံထောက်သည်။သူ အိမ်ထဲဝင်လာတော့ ဖေဖေတို့နဲ့ ဧည့်သည်တွေက နှုတ်ဆက်နေကြပြီ။
မေမေ့ဘေးမှာ မစက်ကရပ်နေပြီး ထူးထူးဆန်းဆန်း မြန်မာဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် သူ့မျက်ခုံးတွေ မြင့်တက်သွား၏။အသားခပ်လတ်လတ် ခံ့ညားတဲ့လူက မစက်ကိုမှဦးတည်ပြီး နှုတ်ဆက်နေသည်ကို သူကြားဖြစ်အောင်ကြားလိုက်သည်။*ဘာတဲ့...'ညီမ ကိုယ်ပြန်တော့မယ် ဆိုပါ့လား...'
အူတိုစိတ်က မဖိတ်ခေါ်ဘဲ ရောက်လာ၏။
"ဟော သား ပြန်လာပြီ..."
"ဟုတ်မေမေ..."
"ဒီခဏ လာပါဦး သား...."
မေမေခေါ်တော့လည်း သူ မနေသာပဲ ဧည့်သည်တွေရှေ့ သွားရပ်ရ၏။
"ဒါ ကျွန်မသားငယ်လေ BE civil တက်နေတာပါ....အားမာန်သစ်တဲ့ရှင်..."
"မစံက သားချော၊သမီးချောတွေ မွေးတတ်ပါ့ရှင် အဟင်း....ဟင်း..."
အမြဲလိုလို တဟင်းဟင်းရယ်နေတတ်တဲ့ ကိုနေ့သစ်ထွန်း၏အမေကို စက် ကြည့်မရပေ။သူမရယ်သံကြီးက ဘာလိုလိုမို့ မာန့်အတွက် စိတ်မအေးလှပါ။
"ဘယ်လိုလဲ မစံရယ်...ကျွန်မသမီးလေးကလည်း အဖိုးတန်လေးနော်..."
စက်ထင်ထားသလိုပါပဲ။ထိုမိန်းမကြီးက သူ့သမီးဆရာမကို မာန်နဲ့စပ်နေ
ပြန်သည်။"သားရေ...သူလေးက ဆရာမလေးလေ... နာမည်က ကြည်စင်သွန်းတဲ့... သားနဲ့ဆို ရွယ်တူလောက်ပဲ..."
မေမေ မိတ်ဆက်ပေးလည်း မာန်ကတော့ မသိသလိုပဲနေလိုက်သည်။မေမေ့စကားတွေဟာ ဘယ်စကားကဘာကို ဦးတည်နေသည်မို့ ဒေါကတော့ ပွနေပြီ။မေမေတို့က ရှေ့မကြည့်နောက်ကြည့် ထိုးကျွေးပြန်ပြီ။
"သားတို့လူငယ်ချင်း ခင်ရအောင် ဖုန်းနံပါတ်ချင်း အလဲအလှယ်လေးလုပ်ထားပါ့လား...."
BẠN ĐANG ĐỌC
ချစ်ခဲ့ရတဲ့ နေ့ပေါင်းများစွာ(Complete) ခ်စ္ခဲ့ရတဲ့ နေ့ပေါင်းများစွာ